မတ္တရာကစစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို နယ်ခံပကဖနဲ့အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

မတ္တရာကစစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို နယ်ခံပကဖနဲ့အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်း၊ မတ္တရာမြို့အနောက်ခြမ်းက မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ကို  ကျန်းမာရေးစောင့်ရှောက်ပေးမှုနဲ့ ဆေးဝါးကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖဆီက သိရပါတယ်။

မေ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး  နာတာရှည်ရောဂါနဲ့ ရာသီဥတုကြောင့်ဖျားနာတဲ့ရောဂါတွေကို အဓိကထားကုသပေးရသလို ဆေးကုသဖို့ မလာရောက်နိုင်တဲ့ပြည်သူတွေကို နေအိမ်အထိသွားရောက်ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။

“ သွားရောက်ကုသတာတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက်ရှိပြီ။ မတ္တရာအရှေ့ခြမ်းရော အနောက်ခြမ်းရောပေါ့။ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ၂ ရက်တိုင် ကုသမှုပေးခဲ့ပါတယ်။ လိုအပ်ချက်တွေကတော့ အကုန်လုံးလိုအပ်ချက်တော့ရှိတာပေါ့ ” လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ မတ္တရာမြို့နယ်ကျေးရွာ ၅ ရွာထက်မနည်းကဒေသခံတွေ စစ်ရှောင်နေရတာ ၃ လကျော်ရှိပြီဖြစ်ကာ ဆေးဝါးကုသမှုကို ပြင်ဦးလွင်ခရိုင်ပကဖ နဲ့ မတ္တရာမြို့နယ်ပကဖတို့က ဦးဆောင်ပြီး လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ် ။

#မြေလတ်အသံ

#မတ္တရာ #ပကဖ #စစ်ရှောင် #မီးဘေးသင့် #ကျန်းမာရေးစောင့်ရှောက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10