မတ္တရာအနောက်ခြမ်းက ဥဒိန်ရွာကို စစ်တပ်ကမီးဝင်ရှို့

မတ္တရာအနောက်ခြမ်းက ဥဒိန်ရွာကို စစ်တပ်ကမီးဝင်ရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက  ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဥဒိန်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၄၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီနေ့မနက် ၇ နာရီလောက်ကစပြီး ဥဒိန်ကျေးရွာကို နေရာ ၆ နေရာခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ 

ဒေသခံတဦးကရဲ့ပြောကြားချက်အရ ပင်းယရွာဘက်ကနေ စစ်အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းက  ဥဒိန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာကြောင့် ခုလို ရွာကိုမီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကြောင်းက ဥဒိန်ကျေးရွာကိုမီးရှို့ပြီး ရွာထဲက ကားတစီးကိုယူကာ မတ္တရာမြို့ဘက်ကို ပြန်ထွက်သွားတယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနေ့ကလည်း မတ္တရာမြို့ဘက်ကထွက်လာတဲ့ စစ်ကားတစီးဟာ ရှမ်းမြောင်းကျေးရွာ က ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး အလောင်းတွေကိုပါ ယူသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #စစ်ကောင်စီ #မီးရှို့  #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10