သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မန္တလေးမြို့ကျုံးထဲကို မတ်လ ၂၁ ရက် ဒီကနေ့ မနက်အစော ၄ နာရီခန့်မှာ လူငယ် ၁ ဦး ခုန်ချသွားခဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ မန္တလေးမြို့အခြေပြု လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ ဥပုဒ်တော်ရပ်ကွက်၊ ၂၆ လမ်းနဲ့ ၇၇ လမ်းထောင့်က ကျုံးရေထဲကို ခုန်ချသွားခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့ပေမယ့် သေဆုံးလျက် အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

