မန္တလေးမှာ အမျိုးသားတဦး ဓါတ်လိုက်သေဆုံး

မန္တလေးမှာ အမျိုးသားတဦး ဓါတ်လိုက်သေဆုံး

မန္တလေးမြို့မှာ လူငယ်အမျိုးသားတဦး ဓါတ်လိုက်သေဆုံးခဲ့တယ်လို့ မဏီစလ လူမှု/နာမှု ကူညီရေးအသင်း - မန္တလေးက သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ မန္တလေးမြို့၊ ၈၅ လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းကြားက တန်းလျားအဆောင်တခုမှာ ငှားရမ်းနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုရှိန်းထက်ကျော်ဖြစ်ပြီး မေလ ၆ ရက်ည ၉ နာရီလောက်မှာ ဓါတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဘယ်လိုဓါတ်လိုက်တယ်တော့ သေချာမသိရဘူး။ ဓါတ်လိုက်တဲ့အချိန်မှာ သူ့ပုဆိုးက ရေစိုနေတယ် လို့သိရတယ်။ အ‌ဆောင်အပေါ်ထပ်မှာဖြစ်တာပါ။ မန္တလေးဆေးရုံကြီးကို ပို့တာမှာ ဆေးရုံအရောက်မှာ ဆုံးသွားတာ” လို့ မြို့ခံတဦးက ပြောပါတယ်။ 

ကိုရှိန်းထက်ကျော်ဟာ အချိုရည်ပို့လုပ်ငန်း လုပ်ကိုင်နေသူတဦးဖြစ်ပြီး မေလ ၇ ရက်မနက် ၉ နာရီလောက်မှာ အလောင်းကို ဆေးရုံရင်ခွဲရုံကနေ သူ့ရဲ့ဇာတိ တံတားဦးမြို့ကို ပြန်ပို့ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ထီးရိုးဝင်း လူနေတိုက်ခန်း အမှတ် ၁၅ (A) မှာ ဓါတ်လိုက်သေဆုံးတယ်လို့ ယူဆရတဲ့ အမျိုးသားအလောင်း တလောင်းကို တွေ့ ရှိခဲ့ပါသေးတယ်။

ပုံစာ - ဓါတ်လိုက်သေဆုံးသူအား သယ်ယူနေစဥ်။ 

ဓါတ်ပုံ - မဏီစလ လူမှု/ နာမှု ကူညီရေးအသင်း - မန္တလေးက ကူးယူဖေါ်ပြသည်။

စာတည်း - လင်း 

 #မြေလတ်အသံ

#မန္တလေး #ဓါတ်လိုက် #သေဆုံး #အမျိုးသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10