မိုင်းကွင်းစောင့်နေတဲ့ PDF ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွား

မိုင်းကွင်းစောင့်နေတဲ့ PDF ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့တောင်ဘက်မှာရှိတဲ့ တောတွင်းတနေရာမှာ မိုင်းကွင်းနေစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ထဲက ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၂၀ ဟာ မိုင်းကွင်းစောင့်ဖို့ အုပ်စု ၃ စုခွဲပြီး တောထဲမှာ စောင့်နေချိန် စစ်ကောင်စီတပ်သားတွေက သိရှိသွားပြီး ဒီဇင်ဘာ ၅ ရက် ည ၂ နာရီလောက်မှာ မိုင်းကွင်းစောင့်နေတဲ့ ရဲဘော် ၇ ဦးထဲက ၆ ဦးကိုသတ်ဖြတ်သွားပြီး ကျန်တဦးကိုတော့ အရှင်ဖမ်းဆီးသွားခဲ့ပါတယ်။

အသတ်ခံရတဲ့ ရဲဘော် ၆ ဦးထဲမှာ ၄ ဦးက သေဆုံးသွားပြီး ကျန် ၂ ဦးကတော့ ဓားဒဏ်ရာတွေနဲ့ အသက်ရှင်လျက် ကျန်ရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့ ရဲဘော် ၄ ဦးကို အဲဒီနေ့ နေ့လယ်ပိုင်းလောက်မှာပဲ မီးရှို့သဂြိုဟ်ပေးခဲ့ ပါတယ်။ 

“ရဲဘော် ၆ ယောက်လုံးကို ဓားတွေနဲ့ပဲ မွှန်းသွားတာ။ အသက်ရှင်ကျန်ခဲ့တဲ့ ရဲဘော် ၂ ယောက်ထဲမှာ တယောက်က လမ်းလျှောက်နိုင်လို့ တော်သေးတယ်။ သူ ကျနော်တို့ဆီ ရောက်အောင်ပြန်လာပြီး သတင်းပေးလို့ ကျနော်တို့သိတာ” လို့ CNDF တပ်ဖွဲ့မှ တပ်ရင်းမှူးက ပြောပါတယ်။

အသက်ရှင်လျက်ကျန်ရှိခဲ့တဲ့ ရဲဘော် ၂ ဦးဟာ အခုချိန်မှာ ဆေးဝါးကုသမှုခံယူနေရပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘူးလို့လည်းဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ ကာကွယ်ရေးရဲဘော်တွေဆီကနေ စနိုက်ပါ ၁ လက်၊ မောင်းပြန်သေနတ် ၆ လက်တို့ကိုလည်း ရရှိသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း ခမ်းပတ်မြိုထဲရှိ ခလရ ၂၂၈ တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျည်သေတ္တာများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ခမ်းပတ်မြို့ #မိုင်းကွင်း #စစ်ကောင်စီ #မြေလတ်သတင်း #PDF #သတ်ဖြတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10