မုံရွာမှာ LPDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန်

မုံရွာမှာ LPDF ရဲဘော် ၁ ဦး မြွေကိုက်ခံရပြီး ကွယ်လွန်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အခြေစိုက်ဖြစ်တဲ့ Monywa Revolution Force - MRF အဖွဲ့မှ တပ်ဖွဲ့ဝင်တဦး တောင်ယာ လုပ်ငန်းလုပ်ကိုင်စဉ် မြွေကိုက်ခံရပြီး ကွယ်လွန်သွားတယ်လို့ MRF တပ်ဖွဲ့မှထုတ်ပြန်ထားပါတယ်။

မိသားစုတောင်ယာလုပ်ငန်းတွေ ကူညီဖို့ ခွင့် ၃ ရက်ယူပြီး နေရပ်ကိုပြန်လာတဲ့ အသက် (၁၉)နှစ်အရွယ် ရဲဘော် ရဲမင်း(ခ)ရဲဘော်ဆင်ကြီးဟာ မတ် ၁၃ ရက် မနက် ၁၁ နာရီကျော်လောက်မှာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေချိန် မြွေဆိုးကိုက်ခံရပြီး အဆိုပါနေရာမှာတင် သတိလစ်မေ့မြောသွားကာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“သူနဲ့အတူ ရဲဘော်တယောက်လည်း ပါသွားတယ်။ သူက မြွေဟောက်ကိုက်ခံရတာလို့ ဆရာဝန်ဆေးစစ်ချက်အရ ယူဆရပါတယ်။ အဲဒီနေရာမှာတင် သတိလစ်မေ့မြောပြီး သတိပြန်လည် မလာတော့တာ။” လို့ Monywa Revolution Force တပ်ဖွဲ့တာဝန်ခံ ကိုမီးပွားက ပြောပါတယ်။

ရဲဘော်ရဲမင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မတ် ၁၄ ရက် မနက် ၉ နာရီမှာ သင်္ဂြိုဟ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။ 

သေဆုံးသွားတဲ့ရဲဘော်ဟာ မောင်နှမ ၅ ဦးအနက် အကြီးဆုံးသားဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်ကနေ မဆုံးခင်အချိန်အထိ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တဦးလည်းဖြစ်ပါတယ်။

Monywa Revolution Force - MRF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၇ ရက်ကလည်း မုံရွာခရိုင်အတွင်း စစ်ကောင်စီနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ကျေးရွာတရွာကိုတာဝေးပစ်  Rocket ၂ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #MonywaRevolutionForce #MRF #မြွေကိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10