မုံရွာ-ချောင်းဦးကြားမှာ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

မုံရွာ-ချောင်းဦးကြားမှာ စစ်ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ ချောင်းဦးမြို့ကြားမှာ စစ်ကောင်စီရဲ့ စစ်ကားတစီးကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က သေဆုံးမှုရှိတယ်လို့ AERA  71 PEOPLE   DEFENCE  MONYWA သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာမြို့ကနေ ချောင်းဦးဘက်ကို စစ်ကောင်စီတပ်သား အင်အား ၂၅ ဦးခန့်လိုက်ပါလာတဲ့ စစ်ကားတစီးကို ဧပြီ ၂၂ ရက် ည ၉ နာရီခွဲလောက်မှာ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွေး - ကြေးမုံရွာအနီးကနေ မိုင်းဆွဲလိုက်တာမှာ ကားက အတော်ပျက်စီးသွားပြီး ထိုးရပ်သွားတာ။ သေကြေ ထိခိုက်သူတွေလည်း များနိုင်တယ်” လို့  AERA  71 PEOPLE   DEFENCE  MONYWA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ THEO က ‌ပြောပါတယ်။

မိုင်းထိမှန်တဲ့ ကားကို စစ်ကောင်စီတပ်က မနေ့ည သန်းခေါင်ယံချိန်လောက်မှာ သုံးမိုင်ခန့်အကွာက စွမ်းရည်ထက် စက်သုံးဆီဆိုင်သို့ အရပ်ကားတစီးနဲ့ ဆွဲယူသွားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီကား မိုင်းထိခဲ့တဲ့အတွက် ကားပေါ်ပါ စစ်သားတွေဟာ မုံရွေး - ကြေးမုံရွာထဲကို ဝင်ရောက်သွားပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းထိမှန်တဲ့ကားဟာ ဧပြီ ၂၃ ရက် ဒီမနက်အထိ မုံရွာ - ချောင်းဦးလမ်းပေါ်က စွမ်းရည်ထက် စက်သုံးဆီဆိုင်မှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို AERA  71  PDF  MONYWA ၊   ANYAR  DEFENCE  FORCE (ADF) နဲ့ မုံရွာခရိုင် တပ်ရင်း  ၈ PDF တို့ ပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

AERA  71  PDF  MONYWA နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့  ဧပြီ ၁၁ ရက်ကလည်း  စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ  မုံရွာမြို့ဘက် မောင်းလာတဲ့ စစ်ကောင်စီကားကို ချောင်းဦး - မုံရွာ လမ်းပိုင်း တနေရာကနေ တိုက်ခိုက်ခဲ့ပါ သေးတယ်။

ပုံစာ - AERA 71 PDF MONYWA ရဲ့ တပ်ဖွဲ့ဝင်များ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ချောင်းဦး #စစ်ကောင်စီ #စစ်ကား #မိုင်းဆွဲ #AERA71 #ADF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10