မြင်းခြံတိုက်ပွဲမှာ PDF ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးခန့်သေဆုံးဟုဆို

မြင်းခြံတိုက်ပွဲမှာ PDF ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးခန့်သေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ယုံထိုးတောင်အနီးမှာ ဧပြီလ ၈ ရက်မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
 
မြင်းခြံနယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်သားအင်အား ၃၀ လောက်နဲ့ မနက် ၂ နာရီလောက်က စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁ နာရီအတွင်းမှာ PDF ရဲဘော် ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် - ၄ တပ်ရင်းတာဝန်ခံကပြောပါတယ်။
 
"တိုက်ပွဲဖြစ်တာက ယုန်ထိုးတောင်ရဲ့တောင်ဘက်အခြေမှာ ဖြစ်တာပါ။ စစ်ကောင်စီဘက်က ၁၄ ဦးထက်မနည်း သေတယ်။ ကျနော်တို့ဘက်က နှစ်ဦးသေဆုံးခဲ့တယ်။ Canter ၆ ဘီးကားနဲ့ သေတဲ့ကောင်တွေကိုတင်သွားကြတယ်" လို့ ပြောပါတယ်။
 
မြင်းခြံခရိုင်အမှတ် - ၄ မှ ရဲဘော် ၂ ဦးသေဆုံးခဲ့တာဖြစ်ပြီး၊ သူတို့နဲ့ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။
 
ဒီတိုက်ပွဲမှာ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် - ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်-၁ တပ်ရင်း၊ ဗိုလ်စားပြောက်ကျား တပ်ဖွဲ့၊ ရွှေခြံသားပြောက်ကျား တပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ မန္တလေး PDF MDY၊ တော် လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဆီက MA-3 သေနတ်တလက်၊ ၄၀ မမ သေနတ်တလက်နဲ့ စကားပြောစက်တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။
 
ပုံစာ - စစ်ကောင်စီတပ်တွေဆီမှ သိမ်းဆည်းရမိသည့်လက်နက်အချို့။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10