မြင်းမူထွေအုပ်ရုံးနဲ့ ရဲစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်

မြင်းမူထွေအုပ်ရုံးနဲ့ ရဲစခန်းကို Federal Wings အဖွဲ့က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဖယ်ဒရယ်ဝင်းဒရုန်းအဖွဲ့က ဒီနေ့ ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၄ ရက် ညပိုင်းက ဒရုန်းဗုံးတွေတင်လွှတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ရဲစခန်းအဆောက်အဦ ၂ လုံးနဲ့ ထွေအုပ်ရုံး အဆောက်အဦ ၃ လုံးကို တိုက်ရိုက်ထိမှန်ခဲ့တာဖြစ်ပြီး အဲ့ဒီ ရဲစခန်းနဲ့ထွေအုပ်ရုံးဟာ စစ်တပ်တပ်စွဲထားတဲ့နေရာတွေဖြစ်ကာ ဒရုန်းဂျန်မာတွေ ကာကွယ်ထားတဲ့နေရာတွေဖြစ်တယ်လို့ဆိုပါတယ်။  

ဒရုန်းဗုံးတွေ တင်လွှတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ မြေလတ်အသံက မေးမြန်းရာမှာ လတ်တလော အခြေအနေတွေအရ အသေးစိတ်ဖြေကြားနိုင်တာမျိုး မရှိသေးဘူးလို့ ဖက်ဒရယ်ဝင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ကြောင်းသိရှိရပြီး ထိခိုက်မှုအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဖက်ဒရယ်ဝင်းအဖွဲ့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ Federal Wings ဒရုန်းများ စတင်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း ဖက်ဒရယ်ဝင်းအဖွဲ့က ဇွန်လ ၁၉ ရက်နေ့ကစလို့ အသိပေးထုတ်ပြန်ထားပြီး ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်မှာ မန္တလေး-မုံရွာ လမ်းဘေးရှိ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဖက်ဒရယ်ဝင်းအဖွဲ့ဟာ ကရင်ပြည်နယ်၊ ကရင့်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ KNLA၊PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းမှာပါ စတင်လှုပ်ရှားလာတာဖြစ်ပါတယ်။

 

စာတည်း- ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #ရဲစခန်း #ထွေအုပ်ရုံး #ဒရုန်းဗုံးချ #တိုက်ခိုက်မှု #Federal_Wings

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10