မြင်းမူမြို့အဝင်ဆိုင်းဘုတ်ကို ကုန်တင်ယာဉ်ဝင်တိုက်လို့ ပြိုကျ၊ ယာဉ်ပေါ်ပါသူ ၂ ဦး ဒဏ်ရာရ

မြင်းမူမြို့အဝင်ဆိုင်းဘုတ်ကို ကုန်တင်ယာဉ်ဝင်တိုက်လို့ ပြိုကျ၊ ယာဉ်ပေါ်ပါသူ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မြင်းမူမြို့အဝင် “လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုင်းဘုတ်ကို ၆ ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိလို့ ဆိုင်းဘုတ်ပြိုကျပြီး ယာဉ်ပေါ်ပါလာသူ ၂ ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက် ဒီနေ့မွန်းလွဲ ၁၂ နာရီကျော်အချိန်က မုံရွာမြို့ဘက်ကနေ မန္တလေးဘက်ကိုမောင်းနှင်လာတဲ့ ၆ ဘီးကုန်တင်ယာဉ်ဟာ မြင်းမူမြို့အဝင်ဆိုင်းဘုတ်အနီးအရောက်မှာ စတီယာတိုင်တိုက်လော့ဂျိုင်း (ချိတ်ဆက်ထားတဲ့ သံလုံး)ပြုတ်ပြီး ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

"ဒရိုင်ဘာနဲ့ နောက်တယောက်က ခြေထောက်ပွန်းပဲ့ဒဏ်ရာလောက်ပဲရခဲ့တာ။ မစိုးရိမ်ရဘူး။ သူတို့ရဲ့ နာမည်၊ အသက်တွေကိုတော့ မသိရဘူး"လို့ ကူညီးပေးခဲ့သူအမျိုးသားတဦးက ပြောပါတယ်။

ဆိုင်းဘုတ်ကို ဝင်တိုက်ခဲ့တာကြောင့် မြို့အဝင်ဆိုင်းဘုတ် ပြိုကျပျက်စီးသွားခဲ့သလို ကုန်တင်ယာဉ်ဦးခေါင်းပိုင်းလည်း ပျက်စီးမှုရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒဏ်ရာရရှိခဲ့သူ အမျိုးသား ၂ ဦးကိုတော့ မြတ်သုခလူမှုကူညီရေးအသင်းနဲ့ Myanmar Rescue Myin Mu အသင်းတို့က မြေပြင်ကုသမှုတွေပြုလုပ်ပေးပြီးနောက် မြင်းမူမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၈ ရက်မှာလည်း မြင်းမူမြို့နယ်၊အလ္လကပ္ပကျေးရွာအနီးကားလမ်းမမှာ ခရီးသည်တင်ကား ၂ စီး မျက်နှာချင်းဆိုင်တိုက် ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်  ခရီးသည် ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #ယာဉ်တိုက်မှု #မြို့အဝင်ဆိုင်းဘုတ် #ပြိုကျမှု #ဒဏ်ရာရ #ကုန်တင်ယာဉ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10