မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း အလုပ်အမှုဆောင်အဖွဲ့သို့ အိပ်ဖွင့်ပေးစာ

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း အလုပ်အမှုဆောင်အဖွဲ့သို့ အိပ်ဖွင့်ပေးစာ

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း (၂၀၁၆ )သည် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်း၏ တည်ဆဲဖွဲ့စည်းပုံစည်းမျဉ်းဖြစ်သည်။ ဖွဲ့စည်းပုံစည်းမျဉ်းအရ အသင်းညီလာခံကို နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပရမည်၊ ညီလာခံတွင် ဗဟိုအမှုဆောင် အဖွဲ့အသစ်ကို ရွေးချယ်တင်မြှောက်ရမည်။ 

ပုံမှန်ညီလာခံသက်တမ်းမှာ ၁ နှစ်+၅ လကျော်လာပြီဖြစ်သည်။ ညီလာခံကိုယ်စားလှယ်များပါဝင်သော ညီလာခံကို မကျင်းပနိုင်သည့်အတွက် ဗဟိုအမှုဆောင်အဖွဲ့၏ တရားဝင်ဖြစ်မှု (Legitimacy)သည် ဖွဲ့စည်းပုံပါ ပြဌာန်းချက်များနှင့် မညီညွတ်တော့ပါ။

ဗဟိုနာယကအဖွဲ့၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်၊ ဗဟိုအမှုဆောင်အဖွဲ့တို့၏ တရားဝင်ဖြစ်မှု (Legitimacy) သည် ဖွဲ့စည်းပုံပါပြဌာန်းချက်များနှင့် မညီညွတ်တော့ပါ။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း (၂၀၁၆ ) နှင့် ဆန့်ကျင်နေပါသည်။

ဗဟိုနာယကအဖွဲ့၊ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင်၊ ဗဟိုအမှုဆောင်အဖွဲ့တို့သည် ပေးထားသည့် ဘောင်ကိုကျော်ပြီး အလုပ်ဖြစ်ရေးကို ဆောင်ရွက်ရာမှာ အားလုံးလက်ခံနိုင်သည့် အခင်းအကျင်းမဟုတ်ဘဲ၊ သက်တမ်းလွန်နေသူတို့သာ လက်ခံနိုင်သည့် အခင်းအကျင်းမျိုး မည်သည့်အကြောင်းကြောင့်နှင့်မှ လုပ်လို့မရပါ၊

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ အမှုဆောင်အဖွဲ့သည် အဖွဲ့သက်တမ်းကို ကိုယ့်ဘာသာကိုယ် သက်တမ်းတိုးပြီး ၁ လ ၁ ကြိမ်ခံစားရသည့် ပုံသေခံစားခွင့်ကို အမှုဆောင်များခံစားနေရသည်။ ဤလုပ်ရပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်း (၂၀၁၆)နှင့် ညီညွတ်မှုမရှိဘဲ ဆန့်ကျင်နေသည်။ 

အမှုဆောင်အဖွဲ့ဟာ ကိုယ့်သက်တမ်းကိုယ်တိုးပြီး အသင်းပိုင်းငွေတွေကို ပုံမှန်ခံစားနေလျက်ရှိသည်။

အမှုဆောင်များအတွက် တလလျင် အသင်းမှ ပေရသည့်ငွေသည် ကျပ် ၆၇ သိန်းရှိသည်။ တလလျှင် ဥက္ကဌက ကျပ် ၁၅သိန်း ၅ သောင်း၊ ဒုဥက္ကဌက ကျပ် ၁၄ သိန်း ၅ သောင်း၊ ဘဏ္ဍာရေးမှူးက ကျပ် ၁၃သိန်း ၅ သောင်း၊အတွင်းရေးမှူးက ကျပ် ၁၃သိန်း ၅ သောင်း၊ကျန် အမှုဆောင် ၁၅ ဦးအတွက် တယောက် ကျပ် ၂ သိန်းဖြစ်ရာ စုစုပေါင်း ကျပ်သိန်း ၃၀။ 

ထို့ကြောင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အမှုဆောင်အဖွဲ့အတွက် တလ ကုန်ကျငွေသည် ကျပ် ၈၇ သိန်းရှိသည်။ တနှစ်ဆိုလျှင် ကျပ်သိန်းပေါင်း ၁၀၄၄ ရှိသည်။ ညီလာခံမခေါ်သည့် ၁၇ လနှင့် တွက်မည်ဆိုပါက ကျပ်သိန်း ၁၄၇၉ သိန်းဖြစ်၍ အမှုဆောင်အဖွဲ့သည် သိန်းထောင်ချီကာ ရယူနေသည့်သဘောဖြစ်သည်။

ထို့ကြောင့် ယခုထက်ကောင်းသည့် အဖြေတစ်ခု၊ အားလုံးလက်ခံနိုင်သည့် အဖြေတစ်ခု ရှိဖို့လိုပါသည်။

ရွေးချယ်စရာ ၂ ခု ကို အကြံပြုတိုက်တွန်းပါသည်။ ယာယီ steering committee ဖွဲ့ပြီး အဲဒီ ကော်မတီကို အသင်းလုပ်ငန်းများ၊ စီမံကြီးကြပ်မှုများကို လွှဲပြောင်းပေးကာ ယာယီ steering committee လုပ်ပိုင်ခွင့်ကို ဗဟိုကော်မတီအဆင့်အထိလည်း မဟုတ်၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ခွင့်မရှိစေရ။

သို့သော် လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်တော့ လုံလောက်တဲ့ ပြဌာန်းချက်တွေ ပေးထားရမည်ဖြစ်သည်။ ယာယီတာဝန်ယူမည့် steering committee ကော်မတီတွင် အဖွဲ့ဝင် ၅ ဦးထက်မနည်း၊ ၇ ဦးထက်မများသင့်ဟု ယူဆပါသည်။

ယာယီ steering committee တရပ်ကိုဖွဲ့စည်းရာမှာ မိမိတို့အချင်းချင်းအကြား နားလည်မှုရယူနိုင်ရေး အတွင်းစည်း ညှိနှိုင်းကြရန်လိုပါသည်။ နာယကအဖွဲ့၊ အမှုဆောင်အဖွဲ့မှ အဖွဲ့ဝင်ဖြစ်ခဲ့ဘူးသူများနှင့် အသင်းရေးရာ လေ့လာသုံးသပ်နိုင်သူများ ပါဝင်သင့်ပါသည်။ ညီလာခံလုပ်ငန်းများ ပုံမှန်ပြန်လည် ကျင်းပနိုင်သည့်အခါ ယာယီတာဝန်ယူမည့် steering committee ကော်မတီတွင် မပါဝင်ခဲ့သူများ အားလုံး၊ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပါဝင်ယှဉ်ပြိုင်နိုင်ရပါမည်။

ယခုအချိန်ဟာ လက်ငင်း ချက်ချင်း ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး ဆောင်ရွက်ရန်အချိန်အခါမဟုတ်ပါ။ ညီလာခံကသာ ဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်နိုင်ပါသည်။ ပုံမှန်ညီလာခံကျင်းပနိုင်သည့်အခါ အများစောင့်ရှောင့် ထိမ်းသိမ်းလိုက်နာရမည့် ကျင့်ထုံးကျင့်စဉ်များကို စုပေါင်းဆုံးဖြတ်သင့်ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့၏ ဖွဲ့စည်းပုံစည်းမျဉ်းများ မတူကြသော်လည်း ဖွဲ့စည်းပုံအရ  ၂ နှစ်တစ်ကြိမ် ညီလာခံကျင်းပရန်  ပြဌာန်းထားကြသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ညီလာခံကျင်းပခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံဆရာဝန်အသင်း အမှုဆောင်အဖွဲ့သည် စေတနာ့ဝန်ထမ်း (Non-paid Volunteer) ဖြစ်ကြောင်း သိရှိရပါသည်။

ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် ညီလာခံများကို ၂၀၂၃ ခုနှစ်အတွင်း ကျင်းပခြင်းဖြင့်  ဗဟိုနာယကအဖွဲ့၊ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်၊ ဗဟိုအမှုဆောင်အဖွဲ့ တို့၏ တရားဝင်ဖြစ်မှု (Legitimacy)  ကိုပြန်လည်ရရှိနိုင်ပါမည်။ အားလုံးလက်ခံနိုင်သည့် အဖြေတစ်ခု ရရှိနိုင်ပါမည်။

လေ့လာသုံးသပ်သူတစ်ဦး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10