မြေတိုင်းရွာဥက္ကဌအိမ်ကို PDF တပ်ဖွဲ့မှ Drone နဲ့ပစ်ခတ်

မြေတိုင်းရွာဥက္ကဌအိမ်ကို PDF တပ်ဖွဲ့မှ Drone နဲ့ပစ်ခတ်

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေးရွာဥက္ကဌရဲ့နေအိမ်ကို လက်တုန့်ပြန်တဲ့အနေနဲ့ Nway Oo Takhon PDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်နေ့က သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မြေတိုင်းရွာသား ဦးဟန်ဝင်းဟာ စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီခန့် ဥက္ကဌတဦးဖြစ်လာပြီး သူရဲ့ သတင်းပေးမှုကြောင့် PDF ရဲဘော်၂ ဦးဟာ စစ်ကောင်စီရဲ့ အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“မြေတိုင်းရွာ ဥက္ကဌအိမ်မှာစစ်**တွေတပ်စွဲပြီး အုပ်ကြီးကိုစောင့်နေတယ်ဆိုတာကို သိလို့ကျတော်တို့ Drone နဲ့ ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်။ ဒီလထဲမှာပဲ အုပ်ကြီးအိမ်မှာ PDF ရဲဘော်၂ ဦး အသတ်ခံထားရတယ်။ ရက်ကိုတော့ အတိအကျမမှတ်မိတော့ဘူး။ အဲဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ အဲဒီအိမ်ကို Drone နဲ့ကြဲချခဲ့တာပါ” လို့ Nway Oo Takhon PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးဟန်ဝင်း နဲ့ သူရဲ့မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးမှ လာရောက်လုံခြုံရေးယူပေးခဲ့တာဟာ တလကျော်ခဲ့ရှိပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ Drone နဲ့သွားရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သေဆုံးမှုဦးရေကိုတော့ အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Nway Oo Takhon PDF၊ Daung Fighter (MMU)PDF၊ T.G.R Women Drone Force၊ Zamani Revolution Force (MMU)Myaung တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်၊ ရေဆင်းကျေးရွာက ဒေသခံပြည်သူ ၆ ဦးကို ဖမ်းသတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း Nway Oo Takhon PDF ပူးပေါင်းတပ်ဖွဲ့က Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10