မြေလတ်ဗမာကာကွယ်ရေးတပ်က အပတ်စဉ် ၃ သင်တန်းဆင်းပွဲကျင်းပ

မြေလတ်ဗမာကာကွယ်ရေးတပ်က အပတ်စဉ် ၃ သင်တန်းဆင်းပွဲကျင်းပ

ပဲခူးတိုင်းထဲက လွတ်မြောက်နယ်မြေတနေရာမှာ မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့- MBDFရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနေ့က အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာဖြစ်ပြီး အပတ်စဉ် ၁ ကတော့ ၂၀၂၂ ဇွန်လမှာ ပြီးဆုံးထားကာ အပတ်စဉ် ၂ ကတော့ ၂၀၂၃ အောက်တိုဘာမှာ ပြီးဆုံးထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သင်တန်းကာလကတော့ ပုံမှန်အခြေခံစစ်ပညာသင်တန်းကာလပါပဲ။ ဒီတပတ်ကတော့ အခြေအနေအရ ရက်နည်းနည်းတိုပြီး မဆိုသလောက် ပြင်းထားပါတယ်။ အခြေအနေအရ ရဲဘော်တွေကို မွမ်းမံထပ်ပေးသွားမှာပါ။” လို့ တပ်ဖွဲ့ရဲ့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ဟာ ပဲခူးတိုင်းထဲမှာ အဓိက စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်နေကြတာဖြစ်တယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လပိုင်းကလည်း Return Of Victory Column စစ်ဆင်ရေးအဖြစ် တောင်ငူ‌မြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တ ယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #လွတ်မြောက်နယ်မြေ #မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ #MBDF #အခြေခံစစ်သင်တန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10