မြောက်ခင်ရန်းရွာကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင် ၃ ဦးကျည်ထိ

မြောက်ခင်ရန်းရွာကနေ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင် ၃ ဦးကျည်ထိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ တပ်စွဲထားတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်တာကြောင့် စစ်ရှောင်ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မြောက်ခင်ရန်းကျေးရွာက စစ်သားနဲ့ပျူစောထီးတွေဟာ အနီးကျေးရွာတွေကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်လေ့ရှိတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို သေဆုံးသူတွေလည်းရှိနေတာပါ။ 

ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီလောက်မှာ စစ်အုပ်စုဘက်က RPG လက်နက်ကြီး ၃ လုံးနဲ့ ကျေးရွာဘေးပတ်ပတ်လည်ကိုပစ်ခတ်ခဲ့ရာ အဲဒီရွာ နဲ့ ၃ မိုင်ဝန်းကျင်အကွာအဝေးမှာရှိတဲ့ သင်တောရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲသွားပြီး စစ်ရှောင်နေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ၅၉ နှစ်အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၅၉ နှစ် အရွယ် အမျိုးသား ၁ ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ 

“တိုက်ပွဲဖြစ်တာမျိုး မရှိပါဘူး။ ဒီအတိုင်း လက်နက်ကြီးနဲ့ကို ပစ်တာပါ။ ထိခိုက်သူ ၃ ဦးနဲ့ နာမည်ကိုတော့ လုံခြုံရေးအရပြောပြလို့မရပါဘူး” လို့ ဂန့်ဂေါဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးစထိမှန်လို့ အထက်ပါစစ်ရှောင် ၃ ဦးတို့ရဲ့ တင်ပါး၊ လည်ပင်းနဲ့ ဦးခေါင်းတို့မှာ ဒဏ်ရာရရခဲ့တာပါ။  

ဇန်နဝါရီ ၂၀ ရက်ကလည်း အမတ ၃၇၁ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်လို့ အနောက်ဂန့်ဂေါကျေးရွာအရှေ့ခြမ်းက နေအိမ်တွေကို ထိမှန်ပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #မြောက်ခင်ရန်းကျေးရွာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံထိခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10