မြောင်မြို့မရဲစခန်း ဒရုန်းနဲ့ဗုံးကြဲခံရပြီး စစ်သား ၁ ဦးသေ ၂ ဦး လက်ဖြတ်လိုက်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းကို ဧပြီ ၁၆ ရက် နေ့လယ် ၁၀ နာရီခွဲလောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက Fixed Wings Drone တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mandalay Drone Force MDF အဖွဲ့ဆီက သိရပါတယ်။

Shar Htoo WAW နည်းပညာနဲ့ Fixed Wings Drone တွေကို ဗုံးသီး ၆ လုံးပစ်ချရာမှာ စခန်းရှိ ဘန်ကာတွေ ကတုတ်ကျင်းတွေပေါ်ကို ကျရောက်ခဲ့တာလို့ Mandalay Drone Force MDF ကျားခင်စိန်က ပြောပါတယ်။

ဗုံးထိမှန်ခဲ့တဲ့သူတွေထဲက ၁ ဦးမှာ ဆေးရုံသွားချိန်မမီခဲ့သလို ကျန် ၂ ဦးကတော့ လက်ဖြတ်လိုက်ရတယ်လို့ ကျားခင်စိန် ကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Mandalay Drone Force MDF၊ စစ်ကိုင်းခရိုင်းအမှတ် ၁ တပ်ရင်း၊ PEACOCK Drone Team ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးနောက် ရဲစခန်းထဲက စစ်ကောင်စီတပ်သားတွေက သေနက်တွေနဲ့မိုးပေါ်ထောင်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ရဲစခန်း #ဒရုန်း #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10