မြောင်မြို့ရဲစခန်းနဲ့ စစ်ဗိုလ်နေထိုင်ရာအိမ်တို့ကို ဒရုန်းသုံးပြီးတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရဲစခန်း နဲ့  စစ်ဗိုလ်တဦးနေထိုင်တဲ့အိမ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ယမန်နေ့နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ MSPDF တပ်ဖွဲ့ဆီက သိရပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone တစီး နဲ့ ရဲစခန်းထဲကို ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့သလို ရဲစခန်းရဲ့  ၂ အိမ်ကျော်မှာရှိတဲ့ စစ်ဗိုလ်တဦးရဲ့နေအိမ်ကိုလည်း Drone ဗုံးသီး ၁ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြောင်မြို့ရဲစခန်းကို ပစ်ခတ်ပြန်လာပြီး ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို Drone ဗုံးသီး ၁ လုံးနဲ့ ထပ်မံသွားရောက် ပစ်ခတ်ခဲ့သလို လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကိုတော့ စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း - MSPDF/MSDF နဲ့အတူ၊ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်း တပ်ခွဲ (၁) - မြေလတ်PDF၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း တပ်ခွဲ (၃) - 7 PDF၊ မြင်းခြံ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ မြို့ နယ်၊ တိုက်နယ် ပကဖ (မြောင်) နဲ့ မြောင်မြို့နယ် ပြည်သူ့ရင်ခွင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျောက်ရစ်စခန်းကိုပဲ အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ကာကွယ်ရေးတပ်ဖွဲ့က Drone ဗုံးသီးနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ ၆ ဦးထိခိုက်ဒဏ်ရာရရှိ သွားခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း MSPDF တပ်ဖွဲ့ဟာ ရေစကြိုကနေ စက်လှေနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြောင်မြို့နယ် ဆင်လှောင်ရွာ နဲ့ ငါးပယ်ရွာကြား အရောက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံ #သတင်း #မြေလတ်သတင်း #စစ်ကိုင်းတိုင်း #မြောင် #ဒရုန်းတိုက်ခိုက်မှု #ရဲစခန်း #စစ်ကောင်စီတပ်ဖွဲ့ဝင် #ပကဖ #PDF #MSPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10