ယင်းမာပင်ဘက်ကိုလာတဲ့ စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

ယင်းမာပင်ဘက်ကိုလာတဲ့ စစ်တပ်ယာဉ်တန်းကို PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီခွဲလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar PDF တပ်ဖွဲ့ဆီ က သိရပါတယ်။

မကျီးကန်ရွာနဲ့ သရက်ကန်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီယာဉ်တန်းဟာ အဲဒီနေ့မနက်မှာ ယင်းမာပင်မြို့နယ်ဘက်ကို ပြန်လည်ထွက်ခွာလာချိန် လည်ငေါက်ရွာ တောင်ဘက်အရောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။  

မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေအပါအဝင် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အဲဒီယာဉ်တန်းကို လုံခြုံရေးယူလာပေးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့  ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

ယာဉ်တန်းနဲ့အတူ ရှေ့ပြေးစစ်ကြောင်းလည်းပါတယ်။ ထိခိုက်သေဆုံးမှုကတော့ တော်တော်များများရှိနိုင်တယ်။ ယင်းမာပင်မြို့ပေါ်ကနေတောင် လက်နက်ကြီး ပစ်ကူခေါ်ရတာမျိုး တွေရှိတယ်လို့ Chindwin Toe Na Yar PDF အဖွဲ့တာဝန်ခံ ဗိုလ်မုန်တိုင်းက ပြောပါတယ်။

ပစ်ခတ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ အဲဒီယာဉ်တန်းဟာ ယင်းမာပင်မြို့ဘက်ကို ဆက်လက်မောင်းနှင်သွားတယ်လို့ သိရပါတယ်။ 

အထက်ပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ဒေါင်းနက်၊ ဘာမရှောင်၊ ကျောင်းသားသမဂ္ဂ တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

နိုဝင်ဘာ ၁ ရက်ကလည်း Chindwin Toe Na Yar PDF တပ်ဖွဲ့ဟာ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေ အထိုင်ချထားတဲ့ထွေအုပ်ရုံး၊ စာသင်ကျောင်းနဲ့ စစ်ကောင်စီယာဉ်တန်းတွေကို သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့ #စစ်ကောင်စီ #ယာဉ်တန်း #ChindwinToeNaYar #PDF #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10