ယောကာကွယ်ရေးတပ်က ရခိုင်မှာ AA နဲ့အတူ တိုက်ပွဲဝင်၊ အရေးပါတဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်ထား

ယောကာကွယ်ရေးတပ်က ရခိုင်မှာ AA နဲ့အတူ တိုက်ပွဲဝင်၊ အရေးပါတဲ့ ဗျူဟာကုန်းတွေကို သိမ်းပိုက်ထား

မကွေးတိုင်း၊ ယောမြို့နယ်မှာအခြေစိုက်တဲ့ ယောကာကွယ်ရေးတပ် - YDF ဟာ ရခိုင်ပြည်ဘက်မှာ ရက္ခိုင့်တပ်တော် (AA)နဲ့အတူ တိုက်ပွဲဝင်ဆင်နွှဲနေတယ်လို့ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ဒုတိယအပတ်မှာ ‌ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ ယောကာကွယ်ရေးတပ် - YDFအနေနဲ့ မဟာမိတ်တပ်တွေနဲ့အတူ စစ်ရေးအတွေ့အကြုံယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်းပါဝင်ပြီး တိုက်ပွဲဆင်နွှဲခဲ့ကြပါတယ်။

ဒီလိုပါဝင်တိုက်ခိုက်ခွင့်ပေးတဲ့အတွက်လည်း ရက္ခိုင့်တပ်တော်ကို ယောကာကွယ်ရေးတပ်ဖွဲ့ (YDF)က ကျေးဇူးများစွာတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

တောင်ရှည်တောင်ဗျူဟာကုန်းသိမ်း တိုက်ပွဲဟာ ၃ ပတ်ကြာမြင့်ပြီး ၂၀၂၄ ဇန်နဝါရီ ၆ ရက်မှာ ရက္ခိုင့်တပ်တော် (AA)က တောင်ရှည်တောင်ဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ရာတွင် YDF တပ်ဖွဲ့မှ ဗျူဟာကုန်း တခုလုံးကိုသိမ်းပိုက်လိုက်တဲ့အချိန်အထိ တက်ကြွစွာပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

"ဆက်လက်ပြီးတော့လည်း ကျနော်တို့က ရက္ခိုင့်တပ်တော်နဲ့အတူ တိုက်ပွဲတွေဖော်ဆောင်သွားဖို့ရှိပါတယ်" လို့ YDF မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် စစ်ဆင်ရေးစတင်ခဲ့တဲ့ ၇၈ ရက်မြောက် ဇန်နဝါရီ ၁၂ ရက် ဒီနေ့မှာ ၂ ဖက်အပစ်ရပ်စဲလိုက်ကြပါတယ်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်ရပ်ထားရမှာဖြစ်သလို စစ်ကောင်စီကလည်း ၎င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့ ၁၇ ခုနဲ့ စခန်းပေါင်း ၅၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှုတွေ မပြုလုပ်ကြရန် သဘောတူခဲ့ကြပါတယ်။ 

သတင်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ယောမြို့နယ် #ယောကာကွယ်ရေးတပ် #YDF #ရခိုင်ပြည် #ရက္ခိုင့်တပ်တော် #AA  #တိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10