ရန်သူပတ်ခြာလည်ဝိုင်းနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ကို ဦးစားပေးအာရုံစိုက်ဖို့ NUG ကို ကလလတ တိုက်တွန်း

ရန်သူပတ်ခြာလည်ဝိုင်းနေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ကို ဦးစားပေးအာရုံစိုက်ဖို့ NUG ကို ကလလတ တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ တခုလုံးအရေးနဲ့ တစိတ်တပိုင်းကိစ္စတွေကို လက်တွေ့ဆောင်ရွက်အကောင်ထည်ဖော်ရာမှာ အခြေအနေနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ဦးစားပေးမှုနဲ့ အာရုံစိုက်မှုပြုလုပ်စေလိုတယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)က တိုက်တွန်းပြောဆိုပါတယ်။ 

တဆက်စပ်ထဲမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့နဲ့ ပတ်သက်ပြီး ထိုက်သင့်တဲ့ ဦးစားပေးမှုနဲ့ အာရုံစိုက်မှုပြုလုပ်စေလိုတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ကလလတ က သဝဏ်လွှာပေးပို့ခဲ့ပြီး အဲဒီအထဲမှာ ထည့်သွင်းတိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြေအနေအထားအရ ရန်သူပတ်ခြာလည်ဝိုင်းနေပြီး ရိက္ခာဆေးဝါး၊ လက်နက်ခဲယမ်း၊ ဆုတ်လမ်းတက်လမ်း စတဲ့ နှိုင်းယှဉ်ချက်အရ စစ်ရေးစစ်ရာစိန်ခေါ်မှုပိုမိုများပြားတဲ့ အဲဒီစစ်ဒေသတွေထဲက ကျနော်တို့တိုက်ဖော်တိုက်ဖက်တွေအတွက်လည်း စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြောပါတယ်။

အဲဒီစစ်ဒေသတွေအတွက် အာရုံစိုက်မှု ယခင်ကထက် ပိုမိုထားရှိပါလို့လည်း NUG ကို တိုက်တွန်းအကြုံပြုပါတယ်။

ဒါ့အပြင် NUG တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ပြောဆိုချက်တွေ ရေးသားဖြန့်ဝေချက်တွေဟာ ပြည်သူတွေ စိတ်ဓါတ်ခွန်အားတက်ကြွလာစေရေးသပ်သပ်အတွက် လက်တွေ့အခြေအနေနဲ့ မကိုက်ညီတဲ့အကောင်အထည်မဲ့ မျှော်လင့်ချက်ယောင်တွေကို ထည့်သွင်းမပြောဆိုမိစေဖို့ အထူးသတိပြုစေချင်တယ်လို့ ဆိုပါသေးတယ်။ 

ယမန်နေ့ ဧပြီ ၁၆ ရက်မှာကျရောက်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်အခမ်းအနားကို တိုင်းရင်းသားလက်နက်တွေအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစု နိုင်ငံရေးအင်အားစု၊ ကျောင်းသား၊ အလုပ်သမားအဖွဲ့အစည်းတွေက သဝဏ်လွှာအသီးသီး ပေးပို့ကြပြီး အကြံပေးတိုက်တွန်းမှုတွေ ရေးသားထားကြပါတယ်။

ပုံစာ - ကျောက်လုံးကြီး PDF တပ်ဖွဲ့ဝင်တချို့ (Photo - KLG)

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #တော်လှန်ရေး #အညာ #ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10