သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ ကသစ်တန်းရပ်ကွက်၊ ရိုးလေးချောင်း မီးရထားတံတားပေါ်ကနေ ရေထဲခုန်ချသွားတဲ့ လူငယ်တဦးကို ပြန်ရှာမတွေ့သေးဘူးလို့ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ကသစ်တန်းရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်အောင်ခန့်ကျော်ဟာ ရပ်ကွက်ထဲကနေ တဦးတည်းလာပြီး ရပ်ကွပ်အနီးရှိ ရိုးလေးချောင်းထဲကို ခုန်ချသွားတာလို့ ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် ချောင်းထဲကို ခုန်ချသွားတဲ့လူငယ်ဟာ စိတ်ကျန်းမာရေးအနည်းငယ်ချို့တဲ့သူဖြစ်တဲ့အကြောင်း မိဘတွေပြောပြချက်အရ သိရတယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။
ခုန်ချသွားချိန်ကတည်းက ညနေ ၆ နာရီကျော်တဲ့အထိ ဒေသခံတွေကဟာ ရေငုတ်ရှာဖွေကြပေမယ့် မတွေ့တာကြောင့် ပြန်သွားခဲ့ရပြီး စက်တင်ဘာလ ၃ ရက်မနက်ပိုင်းထိလည်း ပြန်ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီချောင်းဟာ ရေစီးသန်ပြီး စစ်တောင်းမြစ်အတွင်းကို စီးဝင်တာကြောင့် ပြန်ရှာတွေ့ဖို့ ခက်ခဲနိုင်တယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။
ဇူလိုင် ၂၅ ရက်ကလည်း တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက် ကျုံးထဲကို ခုန်ချခဲ့တဲ့ အမျိုးသား ၂ ရက်အကြာမှ အလောင်းပြန်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#အုတ်တွင်း #လူငယ် #ရေထဲခုန်ချ
Share Share Share