သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ကျေးရွာတရွာမှာ ရေစကြိုမြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီနဲ့ ပြည်သူအင်အား ၁၀၀ကျော် ပူးပေါင်းပြီး မင်းအောင်လှိုင်မွေးနေ့ နာရေးသပိတ်ကို ကျင်းပခဲ့တယ်လို့ သိရပါ တယ်။

“သူ့မွေးနေ့မှာ အလောင်းကြီးထမ်းပြီး သူ့မျက်နှာပါတဲ့ စာခြောက်ရုပ်ကို မီးရှို့ခဲ့တယ်။ ပြည်သူတွေ အပေါ်ကောင်းရင် ပြည်သူတွေက ချစ်ပါတယ်။ ဒီကောင်က ပြည်သူတွေအပေါ်ကို ရက်စက်ယုတ်မာတဲ့ လူသတ်သမားမလို့ သူ့မွေးနေ့မှာ အခုလို ကျိန်စာတိုက်လိုက်တာပါ” လို့ သပိတ်ကော်မတီတာဝန်ခံတဦးက ပြောပါတယ်။
အဆိုပါ သပိတ်စစ်ကြောင်းမှာ “အတုံ့ရှိရင် အလှည့်ရှိတယ်” ဆိုတဲ့ ဘန်နာကိုင်စွဲကာ ဒေသခံကာကွယ်ရေး အဖွဲ့တချို့မှ ရဲဘော်တွေကလည်း လုံခြုံရေးလိုက်ပါပေးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ရေစကြိုမြို့နယ် #လူထုသပိတ် #မင်းအောင်လှိုင် #ကျိန်စာ #မွေးနေ့
Share Share Share