ရေတာရှည်တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတဦးအပါအဝင် ၆ ဦးခန့်သေဆုံး

ရေတာရှည်တိုက်ပွဲမှာ စစ်ကောင်စီအရာရှိတဦးအပါအဝင် ၆ ဦးခန့်သေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂‌၇ ရက်မနေ့ကမနက် ၁၁ နာရီဝန်းကျင်က အင်အား ၃၂ ဦးပါတဲ့စစ်ကောင်စိစစ်ကြောင်းဟာ စာသင်ကျောင်းကနေ ဂူတောင် တောရကျောင်းကို စစ်ကြောင်းထိုးလာချိန် ထိတွေ့မှုစတင်ခဲ့ပြီး တိုက်ပွဲကြာချိန် ၄၅ မိနစ်ကြာခဲ့တယ်လို့ တပ်ရင်း ၃၅၀၁၊ တပ်ခွဲ-၄ ရေတာရှည်မြို့နယ် အခြေစိုက်အဖွဲ့က ပြောပါတယ်။

“ကျနော်တို့က သူတို့ကိုသွားအစောင့်မှာ သူတို့လာတာနဲ့တိုးတာ။ အဲ့ဘက်ကကျသွားတော့ ဆရာ ဆရာလို့ ‌ဝိုင်းအော်ကြတယ်၊ ဘာအဆင့်လည်းတော့ မသိရဘူး၊ ခြောက်ယောက် ပုံခနဲ လဲနေတာကိုအတည်ပြုပါတယ်။ အလောင်းတချို့က ခြေပြတ်လက်‌ပြတ်တွေပါ ဖြစ်နေတာ၊ ဒဏ်ရာရသူတွေကတော့ တုတ်နဲ့ထောက်သူကထောက်၊ တွဲသူကတွဲပြီး ရွာထဲ၀င်လာပါတယ်”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၆ ဦးသေဆုံးကာ ၁၂ ဦးထပ်မနည်းဒဏ်ရာရခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး၊ သေဆုံးတဲ့သူတွေရဲ့အချက်အလက်နဲ့ ဘယ်တပ်မကဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ‌ဆိုပါတယ်။

တိုက်ပွဲပြီး‌တဲ့ချိန် စစ်ကောင်စီတပ်စခန်းအခိုင်မာလုပ်ထားတဲ့ စည်ပိုင်းကျေးရွာထဲကို ဒဏ်ရာရတပ်သားတွေ ပြန်ဝင်သွားကြပြီး စစ်အင်အားတွေလည်း တိုးထားတယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါတိုက်ပွဲဟာ ရေတာရှည်မြို့နယ်ထဲက စစ်ရေးပစ်မှတ်တွေကို အရှိန်မြှင့်ပြီးတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ကြေငြာပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်မနက် ၆ နာရီဝန်းကျင်ကလည်း လိပ်သိုလ်မြို့နယ်၊ သံမိုးတောင်ကျေးရွာက စစ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးဝန်းကျင် သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - တပ်ရင်း ၃၅၀၁၊ တပ်ခွဲ-၄ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10