သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွဲကောပင်ကျေးရွာမှာ စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲတာအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၃ ရက်မနက် ၂ နာရီခွဲလောက်မှာ ကျွဲကောပင်ကျေးရွာကို စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ဗုံး ၂ လုံးကြဲချခဲ့ပြီးနောက် တဆက်တည်းမှာပဲ ရေတာရှည်မြို့ကနေလည်း လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ လူနေအိမ်ကြားတွေနဲ့ ကျေးရွာအပြင်ဘက်တွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"ရွာထဲကျတဲ့တလုံးက လက်နက်ကြီးလား၊ ဗုံးသီးလားတော့မပြောတတ်ဘူး။ အိမ် ၃ လုံးကြားထဲ ကျတယ်။ အိမ်တွေက ကျူထရံကာဆိုတော့ မြေပြင်ကိုကျပြီးမှာ ပေါက်ကွဲထွက်လာတဲ့အစတွေက ထရံတွေကိုဖောက်ပြီး အိမ်ထဲ အိပ်နေတဲ့သူတွေကို ထိတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲစတွေထိမှန်လို့ အသက် ၂၂ နှစ်အရွယ် မနွယ်နွယ်စိုးမှာ နောက်ကျောကနေ အစဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အသက် ၆ နှစ်အရွယ် မောင်အောင်သူဟိန်းမှာ ညာဘက်ဒူး အစမှန်ဒဏ်ရာ၊ အသက် ၁၃ နှစ်အရွယ် မချစ်စံပယ်မှာ ညာဘက်ခြေထောက်ပြတ် ဒဏ်ရာတွေရခဲ့ပြီး သူတို့ကိုတော့ နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။
ကျွဲကောပင်ကျေးရွာဟာ PDF တွေဘက်က လာရောက်နေထိုင် ဖြတ်သန်းသွားတာမျိုးမရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။
ဧပြီ ၂၂ ရက်ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ကမ်း ကျေးရွာ တရွာမှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ PDF ရဲဘော် ၂ ဦး ဗုံးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #လေကြောင်း #လက်နက်ကြီးပစ် #သေဆုံး
Share Share Share