ရေတာရှည်မှာ ရာအိမ်မှူးအမျိုးသား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ရေတာရှည်မှာ ရာအိမ်မှူးအမျိုးသား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာက ရာအိမ်မှူးအမျိုးသား ၁ ဦး စက်တင်ဘာ ၂၀ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အသတ်ခံရသူမှာ အသက် ၆၀ အရွယ်ရှိတဲ့ ဦးမောင်လွင်ဖြစ်ပြီး နေအိမ်ထဲရှိနေချိန် ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

"အမည်မသိတဲ့လက်နက်ကိုင် အဖွဲ့တဖွဲ့ကလုပ်တာ။ နေရာမှာပင် ပွဲချင်းပြီးသေသွားတယ်" လို့ ရေတာရှည် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

ဦးမောင်လွင်မှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ရာအိမ်မှူးအဖြစ်လုပ်ကိုင်နေတာဖြစ်သလို သူက ရေတာရှည်မြို့ ပေါ်မှာ ပုန်းရှောင်နေတဲ့ စစ်ကောင်စီခန့် ကွမ်းအုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်စိုးကို PDF တွေ၊ ကျေးရွာနဲ့ ပတ်သက်တဲ့သတင်းတွေကို သတင်းပို့ပေးနေသူ တဦးဖြစ်တယ်လို့လည်း အထက်ပါ အမျိုးသားကပြောပါတယ်။

"သူက(ရာအိမ်မှူး)စကစကို တိုက်ရိုက်သတင်း ပို့ရတာတော့ မဟုတ်ဘူး။ ပုန်းရှောင်နေတဲ့ အုပ်ကြီးဆီက တဆင့်ပဲ ပို့နေရတာ" လို့ သူက ဆက်ပြောပါတယ်။ 

ပြီးခဲ့တဲ့ဩဂုတ် ၆ ရက် ညနေ ၃ နာရီခန့်မှာလည်း ရေတာရှည်မြို့နယ်၊ အင်းယားကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူး ဦးတင်ဝင်း အသက် ၅၀ နှစ်ကျော်မှာ နေအိမ်မှာရှိနေချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ရေတာရှည်မြို့ #ကွမ်းအုံကျေးရွာ #ရာအိမ်မှူး #ဒလန် #အုပ်ချုပ်ရေးမှူး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10