ရဲစခန်းရှေ့ ထိတွေ့ပစ်ခတ်မှုပြီး ရဲဘက်ကပစ်လို့ ရေနံမြေအလုပ်သမား တဦးသေဆုံး

ရဲစခန်းရှေ့ ထိတွေ့ပစ်ခတ်မှုပြီး ရဲဘက်ကပစ်လို့ ရေနံမြေအလုပ်သမား တဦးသေဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် လက်မှတ်ကုန်းနယ်မြေ ရဲစခန်းရှေ့ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းမှာ ရဲ နဲ့ PDF တွေ အပြန်အလှန်ပစ်ခတ်ကြပြီး ရဲစခန်းဘက်က ပစ်ခတ်လိုက်တဲ့ ကျည်ဆံကြောင့် အသက် ၂၀ အရွယ် အမျိုးသားတဦး ထိမှန်ပြီး သေဆုံးတယ်လို့ သိရပါတယ်။

"အသက် ၂၀ ပတ်ဝန်းကျင် အမျိုးသား ထိမှန်ပြီး သေဆုံးပါတယ်။ မနေ့ညက ကျနော်တို့ အပြန်အလှန်ပစ်ခတ်ရင်း မှန်သွားတာ။ ရဲ**တွေဘက်က ပစ်လိုက်တဲ့ ကျည်နဲ့မှန်သွားတာ။ ရေနံမြေအလုပ်သမားပါ" လို့ People's Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း) မှ ဗိုလ်စံသျှားက ပြောပါတယ်။ 

ဇန်နဝါရီလ ၃၁ ရက် ည ၇ နာရီလောက်မှာ လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲတွေ နဲ့ PDF ၃ ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရဲဘက်က ၃ ယောက် ထိမှန်ပြီး ရဲတပ်သား ၁ ဦး သေဆုံးကာ ၁ ယောက် ဒဏ်ရာရပြီး ၁ ယောက် လက်ပြတ်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို People's Defence Force Yenangyaung (မကွေးခရိုင်အမှတ် -၂ တပ်ရင်း) နဲ့ Hunter Dragon Group၊ ဖေကံကောင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

ပစ်ခတ်ပြီးသေဆုံးတဲ့ ရေနံမြေ အလုပ်သမားကို လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲတွေက ရေနံချောင်းဆေးရုံကြီး ရင်ခွဲရုံပိုပြီး တိတ်တဆိတ် ပြန်သယ်လာကာ နေ့လယ် ၁၀ နာရီလောက်မှာ သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်ကလည်း ရေနံချောင်းမြို့၊ ယာပြင်စစ်ဆေးရေးဂိတ်ကပြန်လာတဲ့ လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲအုပ်စီးလာတဲ့ကားကို People's Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း)က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10