ရွာထဲမှာ ဂိတ်ချထားပြီး ရွာသားတွေကို ထမင်း၊ ဟင်း ချက်ပို့ပေးရမယ်လို့ စစ်ကောင်စီက အမိန့်ပေးစေခိုင်း

ရွာထဲမှာ ဂိတ်ချထားပြီး ရွာသားတွေကို ထမင်း၊ ဟင်း ချက်ပို့ပေးရမယ်လို့ စစ်ကောင်စီက အမိန့်ပေးစေခိုင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ၊ ပျူစောထီး တပ်ဖွဲ့တို့ဟာ ဒေသခံပြည်သူတွေကို ထမင်း၊ ဟင်း ချက်ပြုတ်ပြီး ပို့ပေးရမယ်လို့ အမိန့်ပေးစေခိုင်းခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်ထဲက၊ လယ်လှရွာနဲ့ ကံပေါက်ရွာထဲမှာ စစ်ကောင်စီ နဲ့ ပျူစောထီးတပ်ဖွဲ့တို့ တပ်စွဲထားတာဟာ လပေါင်းများစွာရှိပြီးဖြစ်ကြောင်းနဲ့ အဲဒီရွာထဲက ဒေသခံတွေကိုလည်း ရွာပြင်ထွက်ခွင့်မပေးတဲ့အပြင်၊ နေ့စဉ်နေ့တိုင်း ခြိမ်းခြောက်ပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့ မှ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“သူတို့(စစ်ကောင်စီ)တပ်စွဲထားတာ လချီကြာပါပြီ။ အတိအကျတော့ မသိပါဘူး။ လယ်လှနဲ့ ကံပေါက်ရွာမှာ ပျူတွေအထိုင်ချနေလို့ ရွာသားတွေက ဘယ်မှထွက်မရဘူး ။ အဲဒီရွာ ၂ ရွာလုံးက ပျူရွာတွေ မဟုတ်ပါဘူး။ အကုန်လုံး ဖိအားပေးခံရတာပါ” လို့ ဆိုပါတယ်။

လယ်လှရွာနဲ့ ကံပေါက်ရွာထဲက ဒေသခံတွေကို စစ်ကောင်စီလက်အောက်ခံ ခမရ (၃၆၈) တပ်ဖွဲ့ နဲ့ ပျူစောထီးတို့ဟာ မဲစနစ်အရ ပျူသင်တန်း မဖြစ်မနေတက်ရမှာ ဖြစ်ကြောင်းနဲ့ ကျေးရွာထဲက NLD အမာခံတွေကိုလည်း ဖမ်းဆီးပြီး ငွေကြေးတွေနဲ့ ပြန်လည် ရွေးချယ်ခိုင်းမှုတွေ ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10