ရွှေဘိုက ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

ရွှေဘိုက ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အုတ်ရှစ်ကန်ကျေးရွာအုပ်စု၊ မြိုက်ကျေးရွာက ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၈ ရက် မနက် ၇ နာရီကျော်မှာ မြိုက်ကျေးရွာတောင်ပိုင်းရှိ ဒက္ခိဏရာမကျောင်းတိုက်က သက်တော် ၅၀၊ ဝါတော် ၃၀ ရှိ ကျောင်းထိုင်ဘုန်းကြီး ဦးဥက္ကဌ ကို လက်နက်ကိုင်ထားသူလူတစုက ဝင်ရောက်ပစ်ခတ်ရာ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

"သေနတ်နဲ့ပစ်ခတ်သွားတာလို့တော့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ပဲ ကျောင်းထဲမှာ ပျံလွန်တော်မူသွားတယ်။ သိရသလောက်က ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်သွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ရုပ်ကလာပ်(အလောင်း)ကိုတော့ စစ်ကောင်စီအဖွဲ့တွေက မတ် ၂၉ ရက်ဒီမနက်ပိုင်းမှာ လာသယ်သွားတယ်လို့ ဆိုပါတယ်။ 

ဦးဥက္ကဌဟာ စစ်ကောင်စီ၊ ပျူစောထီးတွေနဲ့ ပတ်သက်တာမရှိဘဲ သူ့ကျေးရွာအနီးက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူတွေကို ကျောင်းမှာလက်ခံကာ ကူညီပေးခဲ့တာ‌တွေပဲ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင် #ရွှေဘို #ကျောင်းထိုင်သံဃာ #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10