ရွှေဘို စစ်ဆေးရေးဂိတ်မှာ စစ်တပ်ကပစ်လို့ လူနာတဦး ခေါင်းကို ကျည်မှန်သေဆုံး

ရွှေဘို စစ်ဆေးရေးဂိတ်မှာ စစ်တပ်ကပစ်လို့ လူနာတဦး ခေါင်းကို ကျည်မှန်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြောင်းကြီးစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ကျည် ထိမှန် ပြီး ပြည်သူတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြောင်းကြီးစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၄ ရက်က လူ ၂ ဦးစီးလာတဲ့ ဆိုင်ကယ်တစီးဟာ ရပ်မပေး လို့ဆိုပြီး လုံခြုံရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာက အစစ်ဆေးခံဖို့ရပ်ထားတဲ့ ကားခေါင်းခန်းထဲက ပြည်သူ တဦးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

ကျည်ထိမှန်သေဆုံးသူဟာ မန္တလေးကနေ ဆေးခန်းပြပြီး ကောလင်းကိုပြန်လာချိန် စစ်ဆေးရေးဂိတ် ရောက်တဲ့ အခါ ကားပေါ်ကဆင်းပြီး လမ်းမလျှောက်နိုင်လို့ ကားခေါင်းခန်းထဲ ထိုင်နေချိန် အခုလို ပစ်ခတ်ခံရပြီး သေဆုံးခဲ့ တာဖြစ်ပါတယ်။ 


သေဆုံးသူဟာ ကောလင်းအနောက်ခြမ်း၊ ညောင်ပင်လှရွာက အသက် ၅၀ အရွယ် ဦးပေါ်ထွန်းဆိုသူဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီကအလောင်းကို ရွှေဘိုမြို့ ရင်ခွဲရုံကို ယူသွားတဲ့အတွက် နောက်တနေ့ စက်တင်ဘာလ ၅ ရက်မှ မိသားစုက ပြန်ထုတ်ယူခဲ့ပြီး စက်တင်ဘာ ၆ ရက် မနေ့က မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ ‌ပစ်ခတ်တာတွေ၊ ရိုက်နှက်တာတွေကြောင့် ပြည်သူသေဆုံးမှုတွေရှိနေပြီး  ဩဂုတ်လ ၂၈ ရက်ကလည်း ကလေးမြို့ စစ်ဆေးရေးဂိတ်တခုမှာ အမျိုသမီးငယ်တဦးကို အကြောင်းရင်းမရှိဘဲ ရိုက်နှက်ရာက နားထဲကသွေးကျပြီး တပတ်အကြာမှာ သေဆုံးခဲ့ပါတယ်။ 

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘို #မြောင်းကြီးစစ်ဆေးရေးဂိတ် #ကောလင်း #ပြည်သူ #ရိုက်နှက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10