သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံမှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက် မနေ့ မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် လုံခြုံရေးယူထားတဲ့ ရွှေဘို ပြည်သူ့ဆေးရုံထဲမှာ မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"မနက်က ဆေးရုံအုပ်ရုံးခန်းနားမှာ မိုင်းကွဲမှုဖြစ်တယ်လို့တော့ သိရတယ်။ မိုင်းထိသွားတာက အမျိုးသမီး တဦးပါ။ စကားသံကတော့ အမျိုးမျိုးကြားနေရတယ်။ သူလက်ထဲပဲ ကွဲသွားသလိုလို ဆေးရုံအုပ်ရုံးခန်းနားမှာ ကွဲချိန် သူ့ကိုထိသွားသလိုလို ပြောနေကြတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းကွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေဟာ ရွှေဘိုဆေးရုံကို ရောက်လာပြီး မိုင်းထိတဲ့ အမျိုးသမီးကို ဖမ်းဆီးကာ ဆေးကုသဖို့ လုပ်နေကြတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားပြီး စစ်ကောင်စီ အဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေရှိနေတာပါ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #ပြည်သူ့ဆေးရုံ #အမျိုးသမီး #မိုင်းမတော်တဆ #ပေါက်ကွဲ #သတင်း #မြေလတ်သတင်း
Share Share Share