ရွှေဘိုထောင်က ခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၂ ဦး  ၅ ရက်ကြာထိ အဆက်အသွယ်မရသေး

ရွှေဘိုထောင်က ခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၂ ဦး  ၅ ရက်ကြာထိ အဆက်အသွယ်မရသေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုထောင်ကနေ နိုင်ကျဉ်းအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ခေါ်ထုတ်သွားတာ ၅ ရက်ကြာတဲ့အထိ အဆက်အသွယ်မရသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့်  ၂၀၂၂ မှာ ထောင်ကျခဲ့တဲ့ အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ရွှေဘိုထောင်ကနေ ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈) ထဲကို မေ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီး ခေါ်သွားတယ်လို့ ဆိုပါတယ်။

“ဒီနေ့အထိ ဘာသတင်းမှကို မရသေးဘူး။ ဘာမှကိုမဖြစ်ပဲနဲ့ ဒီအတိုင်းခေါ်သွားတာ မေးမြန်းစရာလေးရှိလို့ ဆိုပြီးတော့ ဒီမှာက နိုင်ငံရေးအကျဉ်းသားတွေကို လူအခွင့်ရေးချိုးဖောက်ခံရတာတွေလည်းများနေတယ် ” လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ခုလိုခေါ်ထုတ်ခံရတာကို သူတို့ ၂ ဦးရဲ့ မိသားစုဝင်တွေလည်း အဆက်အသွယ် မရသေးသလိုသူတို့ ၂ ဦးဟာ မဖမ်းဆီးခင်ရက်တွေမှာလည်း ​ပြဿနာတစုံတရာဖြစ်တာမျိုးမရှိတာကြောင့် ဘာကြောင့်ခေါ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မတရားအာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေဖမ်းဆီးခံရတာဟာ ၂၆၆၄၉ ဦးရှိပြီးဖြစ်သလို အဲဒီအထဲမှာမှ ၂၀၄၃၁ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို အဲဒီထဲက ၈၉၈၆ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၉ ရက် ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရပြီး  အကျဥ်းထောင်တွေမှာ ထိန်းသိမ်းခံရသူ စုစုပေါင်း ၁၂၃ ဦးအထိရှိသလို မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၄ ဦးအပါအဝင် ၁၁၉ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။ 

သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၆ ဦးအထိရှိပြီးဖြစ်သလို ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ ၆၂၁၈ ဦးထိရှိနေပြီးဖြစ်တယ်လို့လဲ AAPP ကထုတ်ပြန်ထားပါတယ်။

စာတည်း −လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုထောင် #နိုင်ကျဉ်း #စစ်ကောင်စီ #AAPP

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10