လက်နက်ကြီးထိမှန် ကျဆုံးတဲ့ရဲဘော်ရဲ့ ဈာပနပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောကျေးရွာမှာရှိတဲ့ ရဲစခန်းကို သွားရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ရက် ည ၈ နာရီက စတင်ခဲ့ကာ တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်အကြာမှာ လက်နက်ကြီးစ ထိမှန်လို့ ဆေးရုံပို့ဖို့ ကြိုးစားနေချိန် လမ်းမှာတင်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စကစဘက်က ပစ်တဲ့ လက်နက်ကြီးကောင်တာနဲ့ ထိတာပါ။ လည်ပင်းနဲ့ ပခုံးကြား ထိတာ၊ ဆေးရုံကဝေးတော့ လမ်းမှာတင် ကျဆုံးသွားတာဗျ။” လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က ပြောပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော် ကိုကောင်းကျော်သာ အသက် ၂၈ နှစ်ကို မတ်လ ၂၇ ရက်နေ့က အမိန့်ပြန်တမ်းဖတ်ကာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ လင်းကတောကျေးရွာ ရဲစခန်းတိုက်ပွဲကို Monywa inventorနဲ့ မျိုးဆက်သစ်အဖွဲ့တို့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲ နောက်ဆက်တွဲကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မြိုင် #စစ်ပွဲ #လက်နက်ကြီး #ပစ်ခတ် #ကျဆုံးရဲဘော် #ဈာပန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10