လက်ပံတိုရေနံမြေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ PDF တွေက မီးငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီး၊ Mi-35 ၁ စီးတို့နဲ့ ဗုံးကြဲခဲ့တာကြောင့် စခန်းတွင်း မီးလောင်မှုတွေဖြစ်ခဲ့သလို အနီးဝန်းကျင်ကိုလည်း မီးကူးစက်လောင်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်မြောက်ပိုင်း၊ လက်ပံတိုရေနံမြေစခန်းရှိ MOGE မန်နေဂျာရုံး၊ ပစ္စည်းဌာန၊ အုပ်ချုပ်ရေးရုံး၊ ပစ္စည်းစတိုရုံး၊ အထွေထွေမန်နေဂျာရုံး၊ ထုတ်လုပ်ရေးရုံး၊ သယ်ပို့စက်ပြင်ရုံးနဲ့ အင်ဂျင်နီယာရုံး တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာလို့ BLY-ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဗုံးကြဲခဲ့လို့ MOGE ရုံးတွေ ပြာကျသွားပြီး ဌာနသုံးကားတွေအကုန်လုံး မီးလောင်သလို ဖလံကိုင်းရွာရဲ့ မြောက်ဘက်အစပ်မှာ မီးထိန်းမနိုင်တဲ့အတွက် PDF အဖွဲ့တွေ မီးငြှိမ်းပေမယ့် မနိုင်လို့ ထားခဲ့ရတယ်လို့ ပြောပါတယ်။

ဧပြီ ၂၁ ရက်ကတည်းက လက်ပံတိုစခန်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေက ပြန်သွားကြတယ်လို့ သိရပါတယ်။

ဗုံးလာကြဲချသွားတဲ့ ဂျက်ဖိုက်တာ ၃ စီးကတော့ တံတားဦးဘက်ကလာတာဖြစ်ပြီး Mi-35 ကတော့ ကပစ ၂၁ က လာတာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

#မကွေး #ပေါက် #လက်ပံတိုရေနံမြေစခန်း #စစ်တပ် #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10