သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ဝက်ထီးကန် အမှတ် ၂ ရဲလေ့ကျင့်ရေးကျောင်းမှ သင်တန်းဆင်းပြီးနောက် မှော်ဘီမြို့နယ်အတွင်း ရဲစခန်းတခုမှာ တာဝန်ကျနေတဲ့ ရဲတပ်သား သက်ပိုင်အောင်ဟာ အောက်တိုဘာ ၃ ရက်မှာ Salingyi Border Task Force - SBTF ဆီကို အလင်းဝင်ခဲ့ပါတယ်။
ရဲတပ်သားသက်ပိုင်အောင်ဟာ မိသားစုစားဝတ်နေရေးအဆင်မပြေတာကြောင့် သူငယ်ချင်းကို အကူအညီတောင်းခဲ့ပေမယ့် လိမ်ခံလိုက်ရပြီး မန္တလေးကနေတဆင့် ရဲသင်တန်းကျောင်းကို အပို့ခံလိုက်ရတာပါ။
ရောက်ရောက်ချင်းမှာပဲ သူ့ရဲ့ ဖုန်းနဲ့မှတ်ပုံတင်တွေ သိမ်းခံလိုက်ရတဲ့အတွက် ရဲအလုပ်ကိုမလုပ်ချင်ပေမဲ့လည်း မှတ်ပုံတင်ပြန်လည်ရရှိဖို့အတွက် သင်တန်းကိုပြီးဆုံးအောင်တက်ခဲ့ရတယ်လို့ အလင်းဝင်လာတဲ့ ရဲတပ်သားသက်ပိုင်အောင်က ပြောပါတယ်။
ရဲသင်တန်းတက်ရောက်ပြီးနောက် ၂၀၂၄ ခုနှစ် ၇ လပိုင်းလောက်မှာတော့ မိခင်ထံဆက်သွယ်ခဲ့ပြီး ရဲအလုပ်ဆက်မလုပ်ချင်ကြောင်း၊ PDF ထဲဝင်ချင်ကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် မှတ်ပုံတင်ကို လိမ်လည်ကာပြန်တောင်းခဲ့ပြီး မှတ်ပုံတင်ရတဲ့နေ့မှာပဲ ရဲစခန်းထဲကနေ ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။
အခုလို လွတ်မြောက်နယ်မြေရောက်လာတဲ့အခါ ကာကွယ်ရေးရဲဘော်တွေက ဝမ်းပန်းတသာ ကြိုဆိုတဲ့အတွက် ပီတိဖြစ်ကြောင်းနဲ့ ဆက်လက်ပြီးတော့လည်း PDF တပ်သားအဖြစ်နဲ့ စစ်ကောင်စီကို တွန်းလှန်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ပြည် #ရဲတပ်သား #အလင်းဝင် #အင်တာဗျူး
Share Share Share