လေကြောင်းနဲ့ ပစ်ခတ်ခံရမှု ပြည်သူ ၂ ဦး‌ သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိနေ

လေကြောင်းနဲ့ ပစ်ခတ်ခံရမှု ပြည်သူ ၂ ဦး‌ သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက ကုက္ကိုကုန်းရွာကို လေကြောင်းနဲ့ ပစ်ခတ်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် သေဆုံးပြည်သူ ၂ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က Mi35 ၂ စီးနဲ့ ၁ နာရီကျော်ပစ်ခတ်ပြီး၊ Mi 17 ၂ စီးနဲ့ အင်အား ၅၂ ယောက်ခန့် ချထားခဲ့ကာ မီးရှို့ဖျက်ဆီးတာတွေ၊ ပစ်သတ်တာတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသမီးတဦး လေကြောင်းက လက်နက်ကြီးမှန်ပြီး အိမ်ထဲမြေမြှပ်ထားခဲ့တယ်။ အမျိုးသားတဦး ပစ်သတ်ထားတယ်။ အမျိုးသမီးနောက်တဦးက ထိမှန်ဒဏ်ရာရတယ်။ တခြားဒဏ်ရာရသူတွေလည်း ရှိသေးတယ်။ ပစ်တာတော့ နေရာအနှံ့ပဲ။ လမ်းရဲ့အရှေ့ဘက်ကို ပိုပစ်တယ်" လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။

မခိုင်ဇင်နွယ် အသက် ၃၄ နှစ် သေဆုံးရဲ့အလောင်းကိုတော့ စစ်ကောင်စီတပ်တွေက အိမ်ကွင်းထဲမှာပဲ မြေမြှပ်ထားခဲ့ပြီး၊  ရွာသားတဦးလည်း ပစ်သတ်လို့ သေဆုံးပြည်သူ ၂ ဦးရှိနေပြီး၊ ပျောက်ဆုံးပြည်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“အဲ့မှာရှိတဲ့ တော်လှန်ရေးအဖွဲ့စည်းထဲက နေတဲ့အိမ်တွေ‌ နေရာတွေကစလို့ အကုန်လုံး telegram မှာတင်ပြီး တိုင်ထားတာပေါ့။ အဲ့တာကြောင့် လာရှင်းလင်းရေးလုပ်တာလို့ ကြားထားတယ်။ ဘယ်ထောင့်က ဘယ်အိမ်မှာ ဘယ်သူနေတယ်။ ဒေါက်တာက ဘယ်မှာနေတယ်။ တပ်ရင်းမှူးက ဘယ်နေရာမှာ အနေများတယ်။ အဲ့လိုမျိုးပါ လိုက်တိုင်တာ" လို့ ကောလင်း ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့ ပြည်သူ ၃ ဦးကိုတော့ စာရင်းကောက်ထားနိုင်ပြီး၊ အဆိုပါ ဒဏ်ရာရသူတွေထဲမှာ ပအဖအဖွဲ့ဝင်တဦးလည်း ပေါင်ထိမှန်ဒဏ်ရာရခဲ့ကာ ဒဏ်ရာပြင်းထန်ပြီး ကုသနေတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10