လျှပ်စစ်မီးသွယ်တန်းခ မပေးတဲ့ အိမ်တွေကို တိုက်နယ်ခေါင်းဆောင်တွေနဲ့ ပအဖတွေက မီးဖြတ်တောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာက လျှပ်စစ်မီးသွယ်တန်းခ မပေးတဲ့ နေအိမ်တွေကို တိုက်နယ် ၃ ခေါင်းဆောင်တွေနဲ့ ရပ်ကျေး ပအဖတွေက မီးမပေးဘဲ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကံသာယာကျေးရွာက နေအိမ်တွေကို ဧပြီ၂၀ ရက်မှာ ရပ်ကျေးပအဖတွေက လျှပ်စစ်မီးကြိုးတွေ သွယ်တန်းပြီးတဲ့နောက် တအိမ်ကိုငွေ ၂ သိန်းပေးဆောင်ခိုင်းပြီး ငွေမပေးဆောင်တဲ့ အိမ်တွေကို လျှပ်စစ်မီးမပေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေက အဆင်မပြေတဲ့အတွက် ငွေပမာဏကိုလျှော့ပေးဖို့ တောင်းဆိုပေမယ့် ရပ်ကျေး ပအဖတွေက လက်မခံဘဲ ဧပြီ ၂၅ ရက်မှာ တိုက်နယ် ၃ က ခေါင်းဆောင်တွေကိုခေါ်ပြီး လူအင်အား ၂၀ လက်နက်အပြည့်အစုံနဲ့ရောက်လာကာ ကျေးရွာထဲက ငွေမပေးနိုင်တဲ့ အိမ်တွေက မီးကြိုးတွေကို ဖြုတ်ယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို မီးဖြတ်လိုက်တာကြောင့် ဒေသခံတွေနဲ့ ရပ်ကျေးပအဖတို့ စကားအခြေအတင် ဖြစ်ကြကာ မြေလတ်အသံက အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကံသာယာရပ်ကျေးပအဖတာဝန်ခံကို ဆက်သွယ်မေးမြန်းတဲ့အခါ ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။၊

ဒီနေ့အထိ ကံသာယာကျေးရွာက ငွေပေးမနိုင်တဲ့ နေအိမ် ၇ လုံးကို မီးဖြတ်တောက်ခံထားရဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေက ကျေးရွာ ပအဖ အလိုမရှိကြောင်း နေ့စဉ်ဆက်တိုက် ဆန္ဒပြမှုတွေ ပြုလုပ််နေတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ခင်ဦး #တိုက်နယ်ခေါင်းဆောင် #ရပ်ကျေးပအဖ  #လျှပ်စစ်မီးသွယ်တန်းခ #ငွေ၂သိန်းကောက်ခံ #ဒေသခံများ #မီးဖြတ်တောက်ခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10