သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ လုပ်ငန်းခွင်သင်တန်းကပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
မေလ ၁၈ ရက် ညနေ ၄ နာရီခွဲအချိန် ပခုက္ကူ-ရေစကြိုလမ်းပိုင်းတနေရာမှာ စစ်ဆေးမှုတွေပြုလုပ်နေစဉ် Non-CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ အင်အား ၈၀ ခန့်လိုက်ပါလာတဲ့ ကား ၃ စီးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်ပြီးတဲ့နောက် အဲ့ဒီညပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့စစ်တဲ့အချိန်မှာ အရပ်သားကားမဟုတ်ဘဲနဲ့ ပခုက္ကူကနေ သင်တန်းတက်ပြီး ပြန်လာတဲ့ Non-CDM တွေဖြစ်နေတာ။ သူတို့ကို တခုခုလုပ်မယ်ထင်နေတာ။ သူတို့(ဆရာ၊ ဆရာမတွေ)ကို CDMလုပ်ပေးဖို့၊ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဖို့ ပြောပြီးတော့ ချက်ချင်း ဒီအတိုင်းပဲ ပြန်လွှတ်လိုက်တာ” လို့ ရေစကြိုမြို့နယ်အခြေပြုလှုပ်ရှားနေတဲ့ Young Force - UG တာဝန်ခံ YP က မြေလတ်အသံကိုပြောပါတယ်။