သင်္ကြန်မဏ္ဍပ်မှာကနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

သင်္ကြန်မဏ္ဍပ်မှာကနေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့က သင်္ကြန်မဏ္ဍပ်မှာ ကနေကြတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger-MBT အဖွဲ့ဆီက သိရပါတယ်။ 

အုပ်ချုပ်ရေးမှူးရုံးမှာ စစ်သားနဲ့ရဲအင်အား ၇၀ လောက် တပ်စွဲနေတာဖြစ်ပြီး အဲ့ဒီထဲ ၃၀ လောက်က မဏ္ဍရှေ့မှာကခုန်နေကြစဥ် ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ညနေ ၄ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“လက်နက်ကြီး ၁ ချက်ပစ်တယ်၊ နောက်ပိုင်းလက်နက်ငယ်နဲ့ပစ်တယ်၊ လက်နက်ကြီး ၁ ချက်ပစ်တာက သူတို့ရဲ့ အဆောက်အဦထဲကိုကျတယ်။ စစ်**ထိခိုက်မှုတော့ မရှိဘူး။ ကျနော်တို့ဘက်က လက်နက်ငယ် နဲ့ပစ်တဲ့အချိန်မှာ သူတို့ဘက်က **တဦးသေသွားတယ်” လို့ Myingyan Black Tiger-MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Myingyan Black Tiger-MBT နဲ့ YSO-TPG ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။ 

တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံကာကွယ်ရေးတပ်တွေရှိနိုင်မယ်ထင်တဲ့ နေရာတွေကို ၆၀ မမ ၂ လုံး၊ ၈၁ မမ ၂ လုံးနဲ့ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လိုက်လံပစ်ခတ်စဥ် ရေစကြိုမြို့ပေါ်ရှိ ထင်းတန်းရပ်ကွက်က နေအိမ် ၁ လုံးနဲ့ နဂါးရုံရပ်ကွက်က နေအိမ် ၁ လုံးကိုကိုလည်း စစ်တပ်က မီးရှိုဖျက်ဆီးခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကလည်း MBT တပ်ဖွဲ့ဝင်တွေဟာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပုရွာက ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရတဲ့ ဓါးစာခံပြည်သူ ၂ ဦးကိုလည်း ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ရေစကြိုမြို့နယ်ထွေအုပ်ရုံးက စစ်သားတွေကို ဒေသခံကာကွယ်ရေးရဲဘော်တွေ တိုက်ခိုက်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #စစ်ကောင်စီ #ထွေအုပ်ရုံး #သင်္ကြန် #ပစ်ခတ်တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10