သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ လေးပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာရောက်ဖမ်းစဥ် အုပ်ချုပ်ရေးမှူးက ထွက်ပြေးသွားပြီး ဖခင်ဖြစ်သူကခုခံလို့ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
ဩဂုတ် ၂၁ ရက် ညနေ ၅ နာရီခန့်မှာ လေးပင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမင်းသန့်ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးချိန် ထွက်ပြေးလွတ်မြောက်သွားပြီး အိမ်မှာကျန်ရှိတဲ့ အုပ်ချုပ်ရေးမှူးရဲ့ဖခင်က ဝင်ရောက်ခုခံလို့ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးကို အုတ်ခဲနဲ့ ဝင်ထုတာကြောင့် ပစ်ခတ်လိုက်ရတာဖြစ်တယ်လို့ သိရ ပါတယ်။
သေနတ်နဲ့ ၃ ချက်ပစ်ခံရလို့ အုပ်ချုပ်ရေးမှူးရဲ့ဖခင် ဦးသန့်ရှင်း ၆၇ နှစ်မှာ နောက်ကျောနဲ့ခေါင်းမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ ဖခင်က အုတ်ခဲနဲ့ထုလို့ ရဲဘော်တဦးလက်မှာ မစိုးရိမ်ရဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကို အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ OakAwe UG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ CGF၊ Burma Revolution Rangers အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ဇူလိုင် ၂၆ ရက်က ချောက်မြို့နယ်၊ ကိုးဆူကျေးရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လင်မယားနေအိမ်မှာ ပစ်သတ်ခံရသေးတယ်လို့ သိရပါတယ်။
ပုံစာ- အုပ်ချုပ်ရေးမှူး၏ ဖခင် ဦးသန့်ရှင်း။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ချောက်မြို့ #လေးပင်ကုန်းကျေးရွာ #အုပ်ချုပ်ရေးမှူး
Share Share Share