သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ရန်ကုန်-ပြည်လမ်းဘေး ဗိုလ်ချုပ်လမ်းထောင့်က ကမ္ဘောဇဘဏ်မှာ ငွေထုတ်လာတဲ့ အမျိုးသား ၁ ဦး လုယက်ခံရလို့ ကျပ်သိန်း ၂၀၀ ပါသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီခန့်မှာ ကြို့ကုန်းကျေးရွာနေ သက်ကြီးပိုင်းအမျိုးသား ၁ ဦးဟာ ကမ္ဘောဇဘဏ် ကနေ ငွေထုတ်ယူလာပြီး ဆိုင်ကယ်ကြားမှာတင်ဆောင်ကာ ထွက်လာချိန် လုယက်ခံရတာလို့ ဆိုပါတယ်။
" ဘဏ်ကငွေထုတ်လာပြီး ဘဏ်အနီးက အသုတ်ဆိုင်ရှေ့မှ ခဏလေးရပ်နေတာ။ အဲဒါကို ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၅ ဦးက ငွေထုတ်ကိုလုပြီး ထွက်သွားကြတာ။ သူငွေထုတ်လာတာကို စောင့်ကြည့်နေပုံရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
ငွေထုပ်လုခံရလို့ ပိုင်ရှင်အမျိုးသားက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းပေမယ့် လုယက်သူတွေက ဆိုင်ကယ်တွေနဲ့ မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။
ငွေထုပ်အလုခံရသူ အမျိုးသားဟာ တောင်သူတဦးဖြစ်ပြီး လယ်အတွက်ကုန်ကျစရိတ်တွေပေးချေဖို့ ဘဏ်က ငွေလာထုတ်တာလို့ သိရပါတယ်။
ငွေလုယက်သွားသူတွေကတော့ စစ်ကောင်စီလှည့်ကင်းနဲ့တိုးပြီး လက်ပံတန်းမြို့နယ်အပိုင် ရန်ကုန်-ပြည်ကားလမ်းဘေး မကျီးကွင်းအရှေ့စုရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
သုံးဆယ်မြို့ပေါ်မှာ ယခုလိုလုယက်မှုဟာ မရှိသလောက်ဖြစ်ပြီး ယခုအကြိမ်က ငွေသားအများဆုံး လုယက်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #သာယာဝတီမြို့နယ် #သုံးဆယ်မြို့ #ကမ္ဘောဇဘဏ် #လုယက်မှု
Share Share Share