သေမင်းဝင်မွှေတဲ့ မနက်ခင်း

အချိန်က လူလုံးမကွဲသေးတဲ့ မနက်ခင်း ၄ နာရီကျော်။ သမ္မာရိုးကျေးရွာက အမျိုးသမီးဈေးသည်တွေ ရွှေပန်းကုန်းကျေးရွာမှာ ဈေးရောင်းဖို့ ပြင်ဆင်နေကြတဲ့အချိန်။ သူတို့ဟာ နေအိမ်စိုက်ခင်းတွေက ထွက်တဲ့ အသီးအနှံတွေကို ဝယ်၊ ပြီးရင် သမ္မာရိုးကျေးရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာက ရွှေပန်းကုန်း ကျေးရွာမှာ ဈေးသွားရောင်းကြရတာပါ။ သူတို့ဈေးဗန်းခင်းရမယ့် အချိန်က ထုံးစံအတိုင်း မနက် ၄ နာရီခွဲပါ။

သူတို့နည်းတူ သမ္မာရိုးကျေးရွာက ကိုဖိုးလွင်ကလည်း ရွှေပန်းကုန်းကျေးရွာမှာ ငါးဝယ်သွားဖို့ ဆိုင်ကယ်တစီးနဲ့ အိမ်က ထွက်လာပါတယ်။ သူဟာ ရွှေပန်းကုန်းရွာက ငါးတွေဝယ်လာပြီးရင် သမ္မာရိုးကျေးရွာမှာ ငါးတွေပြန်ရောင်းတဲ့ ဈေးသည်တယောက်ပါ။ ဒါက သူ့ရဲ့ နေ့စဉ်အလုပ်။ 

ဒါကြောင့် မနက်စောစော အမှောင်မပြယ်သေးခင် သမ္မာရိုးရွာမှ ဆိုင်ကယ်စီးပြီး အရင်ဆုံးထွက်သွားသူဟာ ကိုဖိုးလွင်ပါ။ သူ့ရဲ့နောက်ကနေ သုံးဘီးထော်လာဂျီစီးပြီး လိုက်လာတဲ့သူတွေကတော့ အသီးအရွက်တွေရောင်းမယ့်ဈေးသည် အမျိုးသမီး ၅ ဦးရယ်၊ ထော်လာဂျီမောင်းတဲ့ အမျိုးသား ၁ ဦး ရယ်ပါ။ 

သူတို့အားလုံးရှေးရှုသွားရာ အမှောင်ထုရဲ့နောက်ကွယ်မှာ သေမင်းရဲ့စစ်သည်တော်တွေ စောင့်ကြိုနေကြတယ်ဆိုတာတော့ သူတို့အားလုံး မသိလိုက်ကြပါ။

(မြေလတ်အသံသတင်းဌာနမှ ဇူလိုင် ၈ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်သည်။)

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#သမ္မရိုး #ဆောင်းပါး #ရုပ်သံ #စစ်ကောင်စီ #စစ်ကြောင်းထိုး #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10