ဟန်လင်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

ဟန်လင်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တော်လှန်ရေး ရဲဘော် ၇ ဦးကျဆုံးပြီး ဒေသခံအမျိုးသမီး ၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၃ ရက်က ဟန်လင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝက်လက်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ် ၄ ရက်မှာ ရဲဘော် ၇ ဦး ကျဆုံးခဲ့တာလို့သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျဆုံးစာရင်းကိုတော့ မသိရဘူးလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

နှစ်ဘက်ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ မတ် ၇ ရက်မနက်မှာ ကျောက်မြောင်းမြို့နဲ့ ရွှေဘိုမြို့ဘက်ကနေ စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ ဟန်လင်းကျေးရွာဘက်ကို စစ်ကူစစ်ကြောင်းထိုးလာတယ်လို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။ 

မတ် ၈ ရက်မနက်မှာ ဟန်လင်းကျေးရွာမြောက်ဘက်မှာ အသက် ၆၇ နှစ် အရွယ်အဘွားအိုတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဟန်လင်းရွာထဲကို စစ်ကြောင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

"အဲ့ဒါအပြီး အသက် ၄၀ အရွယ် အမျိုးသမီးနဲ့ ၁၀ နှစ် အရွယ် ကလေးမလေးကို ဖမ်းသွားတယ်လို့ သိရတယ်။ ဒီနောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူး " လို့ ဝက်လက်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီနောက် မနေ့က ညနေပိုင်းမှာ ဟန်လင်းကျေးရွာ၊ မလားကုန်းရပ်ကွက်ကို စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀ ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တချို့ ဟန်လင်းရွာထဲရှိနေဆဲဖြစ်ပြီး နယ်မြေအခြေအနေ မငြိမ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဟန်လင်းကျေးရွာကို စစ်တပ်က ၂၀၂၂ ကတည်းက အထိုင်ချတပ်စွဲထားပြီး ဒေသခံအများစုလည်းရွာထဲမှ တိမ်းရှောင်နေထိုင်နေရတယ်လို့သိရပါတယ်။

ပုံစာ -၂၀၂၂ခုနှစ် စစ်တပ်တပ်စွဲစဥ် ဟန်လင်းပျူမြို့ဟောင်းကို မီးရှို့နေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #ဟန်လင်းကျေးရွာ #စခန်းသိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10