သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံရဲဘော်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂ ရက်က ဖောင်းပြင်ကနေ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာတိုက်ပွဲကို စစ်ကူထွက်လာတဲ့ ခလရ ၂၇၂ စစ်ကြောင်းကို လမ်းတဝက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
“သောင်သွပ်**စခန်းကို တိုက်နေကြတာ။ ၂၇၂ စစ်ကြောင်းက စစ်ကူလာတယ်၊ မင်းယားရွာနောက်ကျောမှာ ဖြတ်တောက်ရေးလုပ်တယ်။ လက်နက်တော့ ရထားပြီ၊ စစ်ကောင်စီအလောင်း သုံးလောင်းတွေ့တယ်။ ၂၇၂ ရင်းမှူး ခြေဖြတ်ရတယ် ကြားတယ်။” လို့ ဖောင်းပြင်ရဲဘော်တဦးက ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရပြီး MA 3 ၂ လက်၊ ကျည် ၂,၃၀၀ ကျော်၊ ဗုံးသီး ၂၀ ကျော်၊ မိုင်း ၂ လုံး၊ ကျည်အိမ် ၁၀ ခုကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဟုမ္မလင်းနဲ့ ဖောင်းပြင်နယ် တဝိုက်မှာ မော်လိုက်ခရိုင် တပ်ရင်း ၁၊ မော်လိုက်ခရိုင်တပ်ရင်း ၂၊ ဖောင်းပြင် ပကဖ၊ ခန္တီးခရိုင် တပ်ရင်း ၁၊ ဟုမ္မလင်းခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ပွဲဝင်နေကြတာလည်း ဖြစ်ပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဖောင်းပြင်မြို့နယ် #ဟုမ္မလင်းမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #ကြားဖြတ် #တိုက်ခိုက်ခံရ #သေဆုံး #လက်နက် #ခဲယမ်း #သတင်း #မြေလတ်သတင်း
Share Share Share