"အညာသားတွေဟာ လုပ်ရဲရင် ခံရဲတယ်ဆိုတဲ့ ဇကိုပြကြမယ်"

ဆားလင်းကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ နေရာ တခုဖြစ်တဲ့ ညောင်ပင်ကြီးရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၉ရက်က PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းကစလို့ ညောင်ပင်ကြီးအုပ်စုထဲက ရွာတွေကို စစ်ကောင်စီ ဒီနေ့အထိ နေ့စဥ်ရက်ဆက် မီးရှို့နေခဲ့တာ ဇွန်လ ၂၄ရက်အထိ ၁၆ ရက်မြောက်နေ့အဖြစ် မီးရှို့ခဲ့ပြီးဖြစ်ပါတယ်။

အိမ်ခြေ ၇၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့လို့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ပြည်သူ ၅ထောင်ကျော်ရှိလာခဲ့ပြီး မီးရှို့ခံလိုက်ရတဲ့ မြေနေရာအာလုံးကိုလည်း တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့လို့ စစ်ရှောင်စခန်းတွေမှာ နေကြရပါတယ်။

အခုလိုကာလမျိုးမှာ ပြည်သူအချို့ဆီက " စစ်ကိုခေါ်လို့ မီးရှို့ခံရတယ်"ဆိုတဲ့ ဝေဖန်သံတွေ ပြစ်တင်သံတွေ ထွက်ပေါ်လာခဲ့သလို စစ်ကောင်စီဘက်ကလည်း အဲ့ဒီလို ဝါဒဖြန့်တာတွေ လုပ်လာနေတယ်လို့ သပိတ်တက်ကြွလှုပ်ရှားသူ မချောစုဟန်က ပြောဆိုထားပါတယ်။

သပိတ်တက်ကြွလှုပ်ရှားသူ မချောစုဟန်ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး အပြည့်အစုံကို တင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ

#ဆားလင်းကြီး #ညောင်ပင်ကြီး #မီးရှို့ခံရ #စစ်ရှောင်ပြည်သူ #တပ်ပိုင်မြေ #ဝမ်ပေါင် #လက်ပံတောင်းတောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10