အညာ မီးဘေးအတွက် ကျောတခင်းစာ ဖန်တီးပေးသူများ (ရုပ်/သံ)

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲကိုမီးရှို့ခဲလို့ စစ်တလင်းပြင် ဖြစ်ခဲ့ရတဲ့ရွာတွေက မီးဘေးသင့် ပြည်သူတွေအတွက် ကျောတခင်းစာနေရဖို့ကို ရှိတဲ့ ပစ္စည်းဉစ္စာတွေ ထုခွဲရောင်းချပြီး ရတဲ့ငွေနဲ့ အိမ်တွေဆောက်ပေးဖို့ကို သူတို့တွေ ကြိုးပမ်းလာခဲ့ကြတာပါ။ 

သူတို့ကတော့ စစ်ကိုင်းတိုင်းထဲက မီးဘေး၊ စစ်ဘေး၊ ပညာရေးတွေကိုကူညီနေတဲ့ S&C အဖွဲ့ပဲ ဖြစ်ပါတယ်။

အဲဒီအချိန်က ကုန်ဈေးနူန်းမြင့်မားနေချိန်ဖြစ်သလို အလှူငွေတွေနဲပါးလာတာကြောင့် အဖွဲ့မှာ ကုန်ကြမ်းရဖို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ နောက်ဆုံး အဖွဲ့က သူတို့မှာရှိတဲ့ငွေနဲ့ မီးဘေးသင့်သူ အယောက်စေ့နေနိုင်ဖို့ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီး သူတို့ကိုယ်တိုင် တောထဲကိုသွားကာ သစ်၊ ဝါးတွေ ခုတ်၊ စရိတ်နည်းအောင် အပင်ပန်းခံပြီး လုပ်ပေးခဲ့ကြတာပါ။ 

တအိမ်ကို ပျမ်းမျှကုန်ကျစရိတ်က ၂ သိန်း ၃ သောင်းဝန်းကျင်နဲ့ အိမ်ခြေ ၂၅၀ ကို ဆောက်လုပ်ပြီးသွားပြီလို့သိရကာ အခုဆိုရင် စစ်ကောင်စီမီးရှို့လို့ အိမ်ယာမရှိတော့တဲ့ ပြည်သူတွေ လာရောက်နေထိုင်နေကြပြီလို့လည်း သိရကာ လာရောက်တိမ်းရှောင်သူအများစုမှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိနေကြပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံရမှု ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းအတွင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ နေအိမ်၊ အဆောက်အဦး ၂သောင်း ၇ထောင်နီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့  ISP Myanmar က ၂၀၂၂ ခုနှစ်အောက်တိုဘာလကုန်ထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မီးရှို့ခံရတဲ့နယ်တွေက ဒေသခံတွေဟာ S&C အဖွဲ့က ဆောက်လုပ်ပေးတဲ့ ယာယီ ရွက်ဖျင်းဝါးအိမ်တွေမှာ နေရေးထိုင်ရေး အဆင်ပြေနေကြပေမယ့် ဒီနေရာကို ဘယ်နေ့ စစ်ကောင်စီကမီးလာရှို့မလဲဆိုတာကိုတော့ သူတို့အားလုံးက စိုးရိမ်မကင်းဖြစ်နေကြဦးမှာပဲ ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10