အထိခိုက်ဆုံး မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကျော်အတွက် အသုံးအဆောင်တွေ လှူတန်း

အထိခိုက်ဆုံး မီးဘေးသင့်အိမ်ထောင်စု ၅၀၀ ကျော်အတွက် အသုံးအဆောင်တွေ လှူတန်း

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂ ခုမှာရှိတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် အ၀တ်အစားနဲ့လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေ လှူတန်းခဲ့တယ်လို့ S&C စစ်ဘေး၊ မီးဘေး ပညာ‌ရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။ 

ဇန်နဝါရီ ၃၁ ဒီကနေ့မနက် ၁၀နာရီ၀န်းကျင်က ရေဦးနဲ့ဒီပဲယင်းမြို့နယ်မှာရှိတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် စားစရာ၊ အ၀တ်တထည်နဲ့ ဆေးဝါးတွေ လှူတန်းခဲ့ပြီး အိမ်ထောင်စု ၅၀၀ လောက် လှူတန်းပြီးပြီလို့ သိရပါတယ်။

“‌ရေဦး၊ ဆားလင်းကြီး၊ ဒီပဲယင်း အဲ့ဘက်ရွာတွေကို ဦးစားပေးဖြစ်တယ်။ အဲ့ဘက်တွေက မီးရှို့ခံရတာတွေက အကြိမ်ရေကိုမနည်းတော့ဘူးလေ။ အထိခိုက်ဆုံးရွာတွေကို ရွေးထုတ်ပြီး လုပ်ပေးနေတာပါ။ လုပ်ပေးချင်တာတော့ အကုန်လုံးကို လုပ်ပေးချင်တာ။ ငွေကပြန်ကြည့်နေရတော့ တော်တော်လေး ဒုက္ခရောက်တဲ့သူတွေကိုပဲ ကူညီနေရတာ။” လို့ ပြောပါတယ်။

အဲဒီမြို့နယ်တွေထဲက ၃ ကြိမ်ထပ်မနည်း မီးရှို့ခံထားရတဲ့ရွာတွေကို စာရင်းကောက်ကာ အရင်ဆုံးကူညီနေပြီး နောက်ရက်တွေမှာလည်း တခြားရွာတွေကို ဆက်ကူညီဖို့၊ အိမ်တွေပြန်ဆောက်ပေးဖို့၊ ကျောင်းတွေဆက်ဖွင့်‌ပေးဖို့ အစီစဥ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ မနေ့ကလည်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ မီးဘေးသင့်ရွာတခုက အိမ်ထောင်စု ၁၂၈ စုစာအတွက် အနွေးထည်တွေ သွားရောက်လှူတန်းခဲ့ပါသေးတယ်။

ဒါအပြင် ယခုလအတွင်း စစ်ဘေးရှောင်ကလေးများအတွက် စာသင်ကျောင်းပေါင်း ၈ ကျောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ၁၂ ကျောင်းထိ တိုးချဲ့ဖွင့်လှစ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10