အမျိုးသမီးအလွတ်တန်းသတင်းထောက် ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခံရ

အမျိုးသမီးအလွတ်တန်းသတင်းထောက် ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာက အလွတ်တန်းသတင်းထောက် မယဉ်ယဉ်သိန်းကို ဖမ်းဆီးပြီး ၁ နှစ်ကျော်ကြာမှ မတရားထောင်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က မယဉ်ယဉ်သိန်း(နဘား)အပါအဝင်၊ နားခါးကျေးရွာက ကိုဘုန်းမြင့်ဦး၊ အင်းတော်ဒေသခံ ၂ ဦးဖြစ်တဲ့ ကိုဇင်ခန့်ဦးနဲ့ ကိုပန်ဆုဆက်ပိုင်တို့ကို ၅၀၅(က)နဲ့ တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁ နှစ်နဲ့ ၆လစီ ချမှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“အချုပ်ထဲ တနှစ်ကျော် ကြာတယ်။ တရားသူကြီးက အမိန့်ချမယ်ဆို ချလို့ရတယ်။ အဲ့တာကို သူအမိန့်ချလိုက်ရင် PDF တွေကများ လာသတ်မလားဆိုပြီးကြောက်ပြီး မချသေးတာ၊ ခုမှမဖြစ်မနေ ချလိုက်ရတော့တာ” လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

အလွတ်တန်းသတင်းထောက် မယဉ်ယဉ်သိန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ၎င်းရဲ့နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

မတရား ထောင်ဒဏ်ချမှတ်ခံထားရတဲ့သူတွေကို အင်းတော်အချုပ်ထဲမှာပဲ ဆက်လက်ထားရှိပြီး၊ အဆိုပါအချုပ်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတဦးလည်း ဖမ်းဆီးခံထားရပြီး ခုချိန်ထိ အမိန့်မချရသေးဘူးလို့ ဆိုပါတယ်။

အင်းတော်မြို့မှာ ၅၀၅(က) အမှုတွေကို အချုပ်ထဲမှာပဲ ထားရှိပြီး၊ ၅၀(ည) အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတခုခုကို ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများပြုလုပ်ပါက တရားစွဲဆိုခံရတဲ့ ပုဒ်မလိုမျိုး အကြမ်းဖက်အမှုတွေဆိုရင်တော့ ကသာကိုပို့ကာ ကသာခရိုင်က တိုက်ရိုက်စစ်ဆေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10