သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမမှာ မောင်းနှင်နေတဲ့ ကားပေါ်ကနေ အမျိုးသမီးတဦး ခုန်ချသွားတာကြောင့် သေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
စက်တင်ဘာ ၉ ရက် မနေ့နေ့လယ် ၁ နာရီခန့်မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို အမြန်လမ်းအတိုင်းမောင်းနှင်လာတဲ့ Mitsubishi Canter အမျိုးစားယာဥ်ပေါ်ကနေ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦးက ကားလမ်းမိုင်တိုင်အမှတ် ၂၃၆ /၂ နဲ့ ၂၃၆/၃ ကြားအရောက်မှာ ကားပေါ်ကနေ ခုန်ချသွားတာလို့ ဆိုပါတယ်။
" ကားက စုပြီးငှားလာတဲ့ ခရီးသွားကား၊ လူ ၁၄ ယောက်လောက် ပါတယ်။ သိရသလောက်က သူက ကားအနောက်ပိုင်းမှာ မီးခိုတွေအူထွက်လာပြီ ဆိုပြီးတော့ ရုတ်တရက်ထအော်ပြီး ခုန်ချသွားတာ။ ကားပေါ်က သူတွေပြောပြချက်အရတော့ သူကကားရဲ့အနောက်နားနည်းနည်းကျလောက်မှာ ထိုင်တာပြောတယ်"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ကားပေါ်ကခုန်ချတဲ့ အမျိုးသမီးက ကားလမ်းနဲ့ဆောင့်မိပြီး ဦးခေါင်းထိခိုက်ပြင်းထန်ဒဏ်ရာနဲ့ နေရာမှာပဲသေဆုံးသွားခဲ့ပြီး သေဆုံးသူဟာ ကျောက်တံခါးမြို့နယ်နေထိုင်သူဖြစ်ကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးရဲ့အလောင်းတော့ ဒေသခံတွေက ကူညီကောက်ယူပြီး နေပြည်တော်၊ ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားကြတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ခရီးသည်တင်ယာဥ်တိမ်းမှောက်လို့ ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#နေပြည်တော် #အမြန်လမ်း #အမျိုးသမီး #သေဆုံး
Share Share Share