အမြန်လမ်းမှာ အိမ်စီးကားမှောက်လို့ ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါ ၆ ဦးဒဏ်ရာရ

အမြန်လမ်းမှာ အိမ်စီးကားမှောက်လို့ ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါ ၆ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ဧပြီ ၁၉ ရက် မနေ့ည ၁၀ နာရီခန့်က ယာဥ်တိမ်းမှောက်မှုဖြစ်ပွားလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ကလေး ၃ ဦးအပါ ၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမြန်လမ်းအတိုင်း နေပြည်တော်ဘက်ကနေ မန္တလေးလေးဘက်ကိုမောင်းလာတဲ့ Mitsubishi Challenger အမျိုးအစား အဖြူရောင်အိမ်စီးကားဟာ  မိုင်တိုင်အမှတ် (၃၃၆/၄) နဲ့ (၃၃၆/၅)ကြား အရောက်မှာ ရှေ့ဘီးပေါက်ပြီး လမ်းဘေးထိုးကျတိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

" ကားက မန္တလေးမြို့ကကားလို့တော့ သိရတယ်။ ရေနံချောင်းဘက်ကို အလုပ်ကိစ္စနဲ့သွားပြီး ပြန်လာကြတာ။ ကားပေါ်မှာက ကလေး ၃ ယောက်နဲ့ လူကြီး ၄ ယောက်ပါတာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် အသက် ၄၀ အရွယ်ယာဥ်မောင်းအမျိုးသားဟာ နေရာမှာပဲသေဆုံးပြီး အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား ကလေး ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး၊ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်လို့ သေဆုံးဒဏ်ရာရသူတွေကိုတော့ စကားအင်းအမြန်လမ်းမီးသတ်နဲ့ ဒေသခံတွေက တံတားဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ကလည်း တောင်ငူမြို့နယ်အပိုင် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၁၅၈/၅) ဖာလုံအနီးမှာ ယာဥ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားလို့ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#အမြန်လမ်း #ယာဉ်တိမ်းမှောက် #လူသေဆုံးမှု #ယာဉ်မတော်တဆမှု #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10