အရာတော်က PDFတပ်ရင်းတခုစီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၁ ဦးအပါအဝင် ၃ ဦးတိုက်ပွဲကျ

အရာတော်က PDFတပ်ရင်းတခုစီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၁ ဦးအပါအဝင် ၃ ဦးတိုက်ပွဲကျ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် ၊ မုံရွာခရိုင်တပ်ရင်း ၂၇ရဲ့စခန်းတခုကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးရဲဘော် ၁ ဦးအပါအဝင် PDF ၃ ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီကသိရပါတယ်။

အောက်တိုဘာ ၁၆ ရက် မနက် ၅ နာရီလောက်မှာ အရာတော်မြို့နယ်အတွင်းက တပ်ရင်း ၂၇ စခန်းကို  စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ဝင်ရောက်လာတာကနေ စခန်းအတွင်းကရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ဝင်လာတာ ဘယ်သူလဲ‌မေးတာ ပြန်မဖြေလို့ ရဲဘော်တွေဘက်က စပစ်တာကနေ အပြန်အလှန်ပစ်ခတ်ရင်း ရုန်းရင်းဆန်ခတ်အခြေအနေကနေ အပစ်ခံလိုက်ရတာပါ" လို့ တပ်ရင်း ၂၇ (Black Dragon  Force)တပ်ရင်းမှူး ဗိုလ်စိုးကြီးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း တပ်ရင်း ၂၇ မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး နဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားရဲဘော်တို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

စခန်းပစ်ခတ်စီးနင်းခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က စခန်းအတွင်းအိပ်ဆောင်နှစ်ဆောင်ကို မီးရှို့ ဖျက်ဆီးသွားပြီး ပစ္စည်းတချို့ကိုလည်း သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အင်အား ၇၀ ခန့်ပါစစ်ကြောင်းဖြစ်ပြီး မုံရွာ-အရာတော်လမ်းကကျေးရွာတွေကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာခရိုင် #တပ်ရင်း၂၇ #စခန်းပစ်ခတ်ခံရ #PDF #တိုက်ပွဲကျ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10