အရာရှိငယ်သင်တန်းကို အမျိုးသမီး ရဲဘော် ၁၀ ဦးကျော်အပါ ရဲဘော် ၁၄၀ ပြီး‌မြောက်အောင်မြင်

အရာရှိငယ်သင်တန်းကို အမျိုးသမီး ရဲဘော် ၁၀ ဦးကျော်အပါ ရဲဘော် ၁၄၀ ပြီး‌မြောက်အောင်မြင်

မကွေးတိုင်း၊ အမှတ် (၁) စစ်ဒေသ၊ တိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ အပတ်စဉ် ၁ အရာရှိငယ် သင်တန်း၊ Non Commissioned Officer - NCO သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၇ ရက်မှာ ကျင်းပခဲ့တယ်လို့ တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ သင်တန်းဟာ ဒီဇင်ဘာ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်ထိ ၅၃ ရက်ကြာမြင့်ခဲ့ပြီး အမျိုးသမီးရဲဘော် ၁၀ ဦးကျော်အပါအဝင် စုစုပေါင်း ၁၄၀ ဦး သင်တန်းပြီးမြောက်အောင်မြင်ခဲ့ကာ ကျန်းမာရေးအခြေနေကြောင့် သင်တန်းမပြီးမြောက်ခဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“တပ်စိတ်မှူးနဲ့အထက် တာဝန်ထမ်းဆောင်တဲ့သူတွေ မဖြစ်မနေတက်ရတယ်၊ အခြေခံ စစ်ပညာ သင်တန်းကို တက်ပြီးသူမှသာ NCO ကို တက်ရောက်ခွင့်ရှိတယ်၊ သင်တန်းမှာဆိုရင် စစ်ပညာအပြင် ခေါင်းဆောင်မှု သင်တန်းတွေကအစ သင်ပေးရတယ်၊ တပ်ပုံစံအရဆိုရင် နောက်ထပ်ရာထူးတွေ တိုးဖို့ NCO မတက်ထားလို့ မရဘူး၊ သင်တန်းမှာ ရဲမေ ၁၀ ယောက်ကျော်လောက် ပါပါတယ်။”လို့ မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ အခမ်းအနားကို မကွေးတိုင်းကွပ်ကဲရေးရုံး တာဝန်ရှိသူတွေ၊ ခရိုင် ရေး၊ထောက် တာဝန်ခံတွေ၊  တပ်ရင်းအသီးသီးက တပ်ရင်းမှူး၊ ဒုရင်းမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ အကောင်းဆုံး တပ်စုဆု၊ အကောင်းဆုံး တပ်စိတ်ဆုနဲ့ အမိန့်နာခံမှု အကောင်းဆုံး ဆုတွေကိုလည်း ပေးအပ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေက တော်လှန်ရေး သီချင်းတွေသီဆို ကခုန်မှုတွေပြုလုပ်ကာ အခမ်းနားကျင်းပခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အမှတ်၁စစ်ဒေသ #အရာရှိငယ်သင်တန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10